နောင်ချိုမြို့နယ်အတွင်း သစ်တောပျိုးယျာဉ်၊ လိပ်ထိန်းသိမ်းမွေးမြူရေးစခန်းနှင့် ဖမ်းဆီးရမိတရားမဝင်သစ် ထိန်းသိမ်းထားရှိမှု ကြည့်ရှုစစ်ဆေး

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း ဘန့်ဘွေးကျေးရွာရှိ သစ်တောပျိုးယျာဉ်၊ လိပ်ထိန်းသိမ်းမွေးမြူရေး စခန်း၊ ဖမ်းဆီးရမိတရားမဝင်သစ်များ ထိန်းသိမ်းထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး၊ ၂၀၁၅ ခုနှစ် မိုးရာသီ အထိမ်းအမှတ် သစ်ပင် စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်
၂၆−၇−၂၀၁၅