မြန်မာနိုင်ငံ အမျိုးသားသစ်တောသယံဇာ ထိန်းသိမ်းကြီးကြပ်သည့်စနစ် အားကောင်းလာစေရန် မြေအသုံးချ ဆန်းစစ်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်းအတွက် ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်သည် မြန်မာနိုင်ငံအမျိုးသားသစ်တောသယံဇာတ ထိန်းသိမ်းကြီးကြပ်သည့်စနစ် အားကောင်းလာစေရန် မြေအသုံးချ ဆန်းစစ်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်း(TCP/MYA/3501)မှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင် FAO Lead Technical Officer Mr. Kenichi Shono ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၉-၇-၂၀၁၅ ရက်နေ့ မွန်းလွဲ (၂:၃၀)နာရီတွင် သစ်တောဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။