မြန်မာနိုင်ငံအပူပိုင်းဒေသရေအရင်းအမြစ်နှင့် အစားအစာဖူလုံမှုတို့အပေါ် ရာသီဥတုပြောင်းလဲခြင်းကြောင့် ဆုံးရှုံးနိုင်ခြေများအားကိုင်တွယ်ဖြေရှင်းခြင်း လုပ်ငန်းစီမံကိန်း စီမံကိန်းလုပ်ငန်းစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း (၂၆-၈-၂၀၁၅၊)

“မြန်မာနိုင်ငံအပူပိုင်းဒေသ ရေအရင်းအမြစ်နှင့် အစားအစာဖူလုံမှုတို့အပေါ် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဆုံးရှုံးနိုင်ခြေများအားကိုင်တွယ်ဖြေရှင်းခြင်းလုပ်ငန်းစီမံကိန်း -Project for Addressing Climate Change Risks on Water Resourcesand Food Securityin theDry Zone of Myanmar” စီမံကိန်းလုပ်ငန်းများစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်(၉:၃၀)နာရီတွင် နေပြည်တော်၊ အမရဟိုတယ်၌ ကျင်းပပြုလုပ်ပါသည်။
အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အာရှနှင့်ပစိဖိတ်ဒေသတွဲဖက် တာဝန်ခံ Ms.Thuy Hang Thi Toတို့တက်ရောက်ကာ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှညွှန်ကြားရေး မှူးချုပ်များ၊ သစ်တောတက္ကသိုလ်ပါမောက္ခချုပ်နှင့် အရာရှိကြီးများ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ မကွေးတိုင်းဒေသကြီး အစိုးရ၊ UNDP၊ ဆက်စပ် အစိုးရ ဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် လူမှုရေးအသင်း အဖွဲ့များ နှင့် Media အဖွဲ့အသီး သီးတို့မှ ကိုယ်စားလှယ်များ၊ စုစုပေါင်းအင်အား (၈၀)ခန့် တက်ရောက် ကြောင်းသိရှိရ ပါသည်။
ဖော်ပြပါလုပ်ငန်းစီမံကိန်းကို Global Environment Facility (GEF)၊ Adaptation Fund၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရတို့၏ ထည့်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ (၈.၄၆)သန်းဖြင့်မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသရှိ စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်နှင့် ညောင်ဦးမြို့နယ်စုစုပေါင်း (၅)မြို့နယ်တွင် ၂၀၁၅ ခုနှစ် မှ ၂၀၁၈ ခုနှစ်အထိ (၄)နှစ်ကြာ အကောင်အထည် ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။
စီမံကိန်း၏အဓိကရည်ရွယ်ချက်မှာ အပူပိုင်းဒေသရှိတောင်သူလယ်သမားများ၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ် အကျိုးဆက်များလျော့ပါးစေရေးနှင့် အနာဂတ်တွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များနှင့် လိုက်လျောညီထွေစွာ စိုက်ပျိုးမွေးမြူနိုင်စေရေးအတွက် အဓိကလုပ်ငန်းစဉ် (၃)ခုဖြစ်သော သောက်သုံးရေအမြဲမပြတ်ရရှိနိုင်ရေးအတွက် ရေတွင်းရေကန်များတူးဖော်ခြင်း၊ ရာသီဥတုနှင့် လိုက် လျောညီထွေရှိသော သစ်တောစိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းစနစ်များကို ဖော်ထုတ်ဖြန့်ဖြူးခြင်းနှင့် ကျေးလက်နေပြည်သူကို အခြေခံသည့် စိတ်ချခိုင်မာသည့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက် များဖြန့်ဝေခြင်းလုပ်ငန်းများကို အပူပိုင်းဒေသရှိလယ်သမားများ၊ ရာသီဥတုဒဏ် ခံစားရမှုများလျော့ ကျစေရန်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များရင်ဆိုင်တုံ့ပြန်နိုင်ရေး အစီအစဉ်များရေးဆွဲနိုင်ရေးတို့အတွက် အဓိကဆောင် ရွက်သွားမည်ဖြစ်ပါသည်။ စီမံကိန်းလုပ်ငန်း များဆောင်ရွက်ခြင်းဖြင့် အပူပိုင်းဒေသမြို့နယ် (၅)မြို့ရှိ၊ကျေးရွာပေါင်း(၂၈၀)ရွာ၊ အိမ်ထောင်စုပေါင်း (၅၀၆၃၉)မှ စီမံကိန်း၏ အကျိုးရလဒ်များကိုရရှိခံစား ကြရမည်ဖြစ်ကြောင်းသိရှိရပါသည်။