Agroforestry; Alternative to Shifting Cultivation in the upland of Myanmar စီမံကိန်းအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကျင်းပခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနှင့် World Agro- forestry Centre–East and Central Asia Regional office တို့ပူးပေါင်း၍ Agroforestry; Alternative to Shifting Cultivation in the upland of Myanmar စီမံကိန်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို (၈-၉-၂၀၁၅)ရက်နေ့ နံနက် (၉:၃၀)နာရီတွင် နေပြည်တော် မြတ်တော်ဝင်ဟိုတယ်၌ ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ၊ ရှမ်းပြည်နယ် သစ်တောသတ္တုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ သစ်တောတက္ကသိုလ် ပါမောက္ခချုပ်၊ World Agroforestry Centre – East and Central Asia Regional office မှကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် Agroforestry စနစ်၏ ရှေးပြေး ဖြစ်သော တောင်ယာစနစ်'' Taungya System"သည် ၁၈၅၆ ခုနှစ်မှ စတင်၍ သစ်တောဦးစီး ဌာနတည်ထောင်ခြင်းနှင့်အတူ ပေါ်ပေါက်လာခဲ့ရာ မကြာမီလအနည်းငယ် အတွင်းနှစ်ပေါင်း ၁၅၀တိတိရှိပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် သိပ္ပံနည်းကျ သစ်တောအုပ်ချုပ်မှုကို ဂျာမန် လူမျိုး ဒေါက်တာ ဘရန်းဒစ်မှစတင်ခဲ့ပါကြောင်း၊ ၎င်းစနစ်များသည် မြန်မာနိုင်ငံမှတဆင့် အိမ်နီးချင်းနိုင်ငံများ ထိုမှတစ်ဆင့် အပူပိုင်းဒေသများသို့ ပျံ့နှံ့သွားခဲ့ကာ တောင်ယာဆိုသည့် မြန်မာစကားလုံးသည် အပြည်ပြည်ဆိုင်ရာ သစ်တောဝေါဟာရအဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့ ပါကြောင်း၊
ယခု Agroforestry ဟု ခေါ်သည့် တောင်ယာစနစ်သည် နှစ်ပေါင်း၁၅၀ ရှိပြီ ဖြစ်သော် လည်းကမ္ဘာ့အပူပိုင်းဒေသများတွင်ဆက်လက်ရှင်သန်နေဆဲဖြစ်ကာကမ္ဘာ့အဆင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးရေး ဗဟိုဌာနတစ်ခုကိုပင်ဖွင့်လှစ်ထားသည်ကိုတွေ့ရမှာဖြစ်ကြောင်း၊ ယခုစနစ် သည် မြေနေရာတစ်ခုထဲမှ တစ်ခုထက်မကသော ထွက်ကုန်များ၊ ဉပမာ-သီးနှံ၊ ဆေးဖက်ဝင် အပင်၊ လောင်စာစသည်တို့ကို ပေးစွမ်းနိုင်စွမ်းရှိပါကြောင်း၊ ထို့အပြင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖြစ်ရန်အတွက်လည်း လိုအပ်သည့်ဝန်ဆောင်မှုများကိုလည်း ဆောင်ကျဉ်းပေးနေပါ ကြောင်း၊ Agroforesty စနစ်သည် သဘာဝသစ်တော၏ ဂေဟစနစ်ကဲ့သို့ ရွက်အုပ်အလွှာ အမျိုးမျိုးနှင့် အပင်မျိုးစုံပါဝင်ပြီး ရေမြေမပျက်စီးစေပဲ သီးနှံနှင့်အခြား သစ်တောထွက်ပစ္စည်း များ ရေရှည်ထွက်ရှိနိုင်သည့် စနစ်တစ်ခုဖြစ်ပါကြောင်း၊ သဘာဝဂေဟစနစ် မပျက်စီးစေသော ကြောင့်ရာသီဉတုပြောင်းလဲခြင်းဆိုးကျိုးဒဏ်များမှ ပြန်လည်နလံထူစေနိုင်သည့် စနစ်လည်းဖြစ် ပါကြောင်း၊ သစ်တောသစ်ပင်များသည် Agroforesty စနစ် ဝန်ဆောင်မှုကဏ္ဍတွင် ပါဝင်နေ သည့်အတွက် ရေမြေထိန်းသိမ်းပေးကာ သီးနှံအမျိုးမျိုးကို ကာလအမျိုးမျိုးအလိုက် ထွက်ရှိစေ သောကြောင့် မိမိတို့နိုင်ငံ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဖြစ်ပေါ်စေရန် အထောက်အကူပြုသည့် စနစ်လည်း ဖြစ်ပါကြောင်း၊
ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်မှုများ ရှိနေဆဲဖြစ် ကြောင်း၊ ဤစနစ်တွင်မြေအနားပေးချိန်ကာလ(၁၀)နှစ်၊ (၁၅)နှစ်အထိ ရှည်လျားလျှင် ပြဿနာ မရှိသော်လည်း လူဦးရေတိုးပွားလာကာ အနားပေးကာလ(၂)နှစ်မှ (၃)နှစ်အထိလျော့ ကျ လာ လျှင် ရေမြေ ပျက်စီး ဆုံးရှုံးမှုဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ရွှေ့ပြောင်း တောင်ယာပေါများသည့် တောင်တန်းဒေသများတွင် သီးနှံသစ်တောရောနှော စိုက်ပျိုးသည့် စနစ်ကို အစားထိုးဖို့ လိုအပ်လာပြီဖြစ်ပါကြောင်း၊ ထိုသို့လိုအပ်ချက်များနှင့်အညီ ကောင်းမွန် သည့် စိုက်ပျိုးနည်းစနစ်ဖြင့် အစားထိုးနိုင်ရန် သစ်တောတက္ကသိုလ်နှင့် ကမ္ဘာ့သီးနှံ သစ်တော ရောနှော စိုက်ပျိုး ရေးဗဟိုဌာန အရှေ့နှင့်အလယ်အာရှဒေသရုံး World Agroforestry Centre – East and Central Asia Regional office တို့ပူးပေါင်း၍ ယခု Agroforestry စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊ ဒေသခံNGOs များနှင့် Institutions များပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကာ လူထုပါဝင်မှုဖြင့်် အကောင်အထည် ဖော်ကြ မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏မူဝါဒများဖြစ်သည့် သစ်တောစီမံအုပ်ချုပ်ရာတွင် ပြည်သူ များ ပါဝင်လာစေရန်နှင့် ပြည်သူလူထုအား သစ်တောနှင့်ပတ်သက်သည့် အသိပညာများ မြှင့်တင် ပေးရန်ဟူသည့် မူဝါဒများကို အကောင်အထည်ဖော်ရာရောက်မည် ဖြစ်ပါကြောင်း နှင့် လက်တွေ့ဆောင်ရွက်ကြမည့် အဖွဲ့အစည်းများကို စီမံကိန်းပါရည်ရွယ်ချက်များနှင့် ပြည့်မြောက် အောင် ဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်းပြောကြားခဲ့ပါသည်။
ယခုစီမံကိန်းကို သစ်တောတက္ကသိုလ်နှင့် ကမ္ဘာ့သီးနှံသစ်တောရောနှော စိုက်ပျိုး ရေးဗဟိုဌာန အရှေ့နှင့်အလယ်အာရှဒေသရုံး World Agroforestry Centre – East and Central Asia Regional office တို့ပူးပေါင်း၍ ရေးဆွဲခဲ့ကြပြီး၊ LIFT (Livelihood and Food Security Trust Fund) နှင့် World Agroforestry Centre တို့မှ ငွေကြေးနှင့် နည်း ပညာပံ့ပိုးကူညီခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းတောင်ယာပေါများသည့် တောင်တန်း ဒေသ များတွင် သီးနှံသစ်တောရောနှောစိုက်ပျိုးသည့် စနစ်သို့ပြောင်းလဲရန်နှင့် ယာသမားများ အား စွမ်းဆောင်ရည်မြှင့် တင်ပေးရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် သီနှံသစ်တောရောနှောစိုက်ခင်းများ ပိုမို ထူ ထောင်လာနိုင်မည်ဖြစ်ပြီး ရေရှည်တွင် နိုင်ငံ၏ ရေ ၊မြေ ၊တော၊ တောင်တို့ကို မပျက်စီးစေပဲ ဒေသခံများ စားဝတ်နေရေး ဖူလုံနိုင်စေမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။