“ဦးစီးအရာရှိများစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းအမှတ်စဉ်(၇)” ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းသတင်း (၁၄.၉.၂၀၁၅ ၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဦးစီးအရာရှိများ စွမ်းဆောင် ရည်မြင့်မားရေးမွမ်းမံသင်တန်းအမှတ်စဉ်(၇)ဖွင့်ပွဲအခမ်းအနားကို (၁၄.၉.၂၀၁၅) ရက်နေ့ ၊နံနက် (၈:၀၀)နာရီတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ(ရေဆင်း)၌ကျင်းပခဲ့ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သစ်တော တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များနှင့် သင်တန်းဆရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်မှ အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် ဦးစီးအရာရှိ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းသည် သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ မြို့နယ်တာဝန်ခံ ဦးစီးအရာရှိများမှ သက်ဆိုင်ရာဌာန၏ လုပ်ငန်းရည်မှန်းချက်များကို ဆောင်ရွက် ကြရာတွင် ပြောင်းလဲနေသည့် အုပ်ချုပ်ရေးစနစ်၊ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်မျှော်မှန်းချက်များ ကို ဖြည့် ဆည်းနိုင်ရန် ပြင်ဆင်သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ မိမိတာဝန်ယူ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အရည်အသွေးပြည့်မီစွာ ဦးဆောင် ဦးရွက် ပြုသွားနိုင်သည့် စွမ်းဆောင်ရည်များ မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခု သင်တန်းသည် (၇)ကြိမ်မြောက်သင်တန်း ဖြစ်ပါကြောင်း၊သစ်တောဦးစီးဌာနသည် ပြဋ္ဌာန်း သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း နှင့် ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ရေတို/ ရေရှည် စီမံကိန်းများရေးဆွဲ၍ နိုင်ငံအတွင်းရှိ တည်ရှိနေသည့် သစ်တောသယံဇာတများကို စဉ်ဆက် မပြတ် သုံးစွဲနိုင်စေရန်ရည်ရွယ်ပြီး ၁၈၅၆ ခုနှစ်မှစတင်၍ စီမံအုပ်ချုပ်လုပ်ကိုင်လာခဲ့သည့် အစဉ်အလာမှာ နှစ်ပေါင်းရာချီရှိခဲ့ပြီ ဖြစ်ပါ ကြောင်း၊ လူဦးရေတိုးပွားလာခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်လာခြင်း၊ ဆောက်လုပ်ရေး နှင့်အိမ်သုံး ပရိဘောဂအတွက် သစ်သုံးစွဲမှု မြင့်တက်လာခြင်းများကြောင့် သစ်တောများသည် အတန်းအစား နိမ့်ကျပြီး၊ တောထွက်များလျော့ကျလာသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် သစ်တောများထိန်းသိမ်းရေးနှင့် သစ်တောများဖွံ့ဖြိုး တိုးတက်ရေးကို မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြရသည့် မြို့နယ်တာဝန်ခံ ဦးစီးအရာရှိများအနေနှင့် မိမိအဖွဲ့အစည်း၏ တာဝန်များနှင့် ဝန်ထမ်းတစ်ဦးချင်း၏ ကိုယ်စီတာဝန်များကို သတ်မှတ် ပြဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြမှသာ သစ်တောကဏ္ဍဆိုင်ရာ မူဝါဒ၊ ရည်မှန်းချက်နှင့် အစီအမံများအတိုင်း အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိအဖွဲ့ အစည်း၏ တာဝန်များကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် ကျွမ်းကျင်မှု၊ ဗဟုသုတများ ပြည့်စုံစေရန်အတွက် ယခုကဲ့သို့ စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းများကို ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းတွင် စာတွေ့၊ လက်တွေ့၊ ကွင်းဆင်းလေ့လာခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေး နှင့် အခြေခံစစ်ရေးပြများလည်း ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊မိမိတာဝန်ကျရာ ဌာနများတွင် တာဝန်ထမ်းဆောင်ရာ၌ အမှားအယွင်းမရှိဘဲ ထိရောက် မြန်ဆန်စွာ ဆောင်ရွက် ပေးနိုင်သည့် စွမ်းဆောင်ရည်များရရှိလာနိုင်ရန်နှင့် မတူခြားနားသည့် ကောင်းမွန်အကျိုးရှိသော အတွေ့အကြုံများကို အပြန်အလှန်ဖလှယ်ကြရင်း ဗဟုသုတများ ပြည့်ဝလာစေရန် ရည်ရွယ်၍ ကြိုးစားလေ့လာသင်ယူကြစေလိုပါကြောင်း၊ သင်တန်းသားများ အနေဖြင့် ချမှတ်ထားသည့် စည်းကမ်းများအတိုင်း၊ လိုက်နာကျင့်ကြံကြရမှာဖြစ်ပြီး ဘာသာရပ်တိုင်းတွင် သင်ယူတတ်မြောက် မှုကို ဆန်းစစ်၍ သင်တန်းသားတစ်ဦးချင်းစီ၏ စွမ်းဆောင်မှုများကို မှတ်တမ်းတင် ထားရှိမှာ ဖြစ်ပါကြောင်း၊သင်တန်းသားများအနေဖြင့် မိမိတို့ဌာနအကျိုး၊ နိုင်ငံအကျိုးကို စွမ်းဆောင် ရည်မြင့်မားစွာနှင့် ကောင်းစွာသယ်ပိုးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန် ကြိုးစား လေ့ကျင့်သင်ယူသွား ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးအရာရှိ များ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ဝန်ထမ်းစိတ်ဓါတ် မြင့်မားစွာ ထားရှိတတ်စေရန်နှင့် လုပ် ငန်းခွင် စီမံခန့်ခွဲမှုနှင့် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် လက်ရှိဖြစ်ပေါ် နေသော သစ်တောကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အခြေအနေများကို ပိုမိုသိရှိနားလည် စေခြင်း ဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ် ပို့ချရခြင်းဖြစ်ပါသည်။
သင်တန်းကာလမှာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၄ )ရက်နေ့မှ(၂၅) ရက်နေ့အထိဖြစ်ပြီး သစ်တောဦးစီးဌာနမှ (၂၅)ဦး၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ (၃)ဦးနှင့်ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ(၂)ဦး စုစုပေါင်း မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။