ကချင်ပြည်နယ်အတွင်း တရားမဝင်သစ်နှင့်ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန သည် နိုင်ငံတော်၏ သစ်တောသယံဇာတများကို ပြည်သူလူထုအကျိုးအတွက် စနစ်တကျ စီမံအုပ်ချုပ်လျက်ရှိနေသလို ဝိသမလောဘသားများ၏ တရားမဝင် သစ်ခိုးထုတ်ယူမှုနှင့် သယ် ဆောင်မှုများအား အခြားသောဆက်စပ်ဌာနများနှင့် ပူးပေါင်း၍သော်လည်းကောင်း မိမိအစီအစဉ် ဖြင့်လည်းကောင်း အရှိန်အဟုန်မြှင့် ဖမ်းဆီးဖော်ထုတ် အရေးယူလျက်ရှိနေပါသည်။
ကချင်ပြည်နယ်၊ ဗန်မော်မြို့နယ်၊ စင်းခန်းဘိနယ်(၂)ကြိုးပြင်ကာကွယ်တော အတွင်း တရားမဝင်သစ်များ စုပုံခုတ်လှဲဖြတ်ပိုင်းထားရှိကြောင်း သတင်းရရှိချက်များအရ ဗန်းမော်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးမှ ဗန်းမော်မြို့နယ်၊ သစ်တောဦးစီးဌာန သစ်တောဝန်ထမ်းများအား နယ်မြေရှင်းလင်းဖမ်းဆီးရေး ဆောင်ရွက်ခဲ့ရာ (၁၈.၉.၂၀၁၅) ရက်နေ့ မှ (၂၄.၉.၂၀၁၅) ရက်နေ့ အတွင်း တရားမဝင်သစ် (ကျွန်း၊ ကညင်၊ စကားဝါ)(၂၂၀၆ လုံး)(၁၀၁၀.၅၁၅၀)တန် ဖမ်းဆီးရမိခဲ့ ပြီး အဆိုပါဖမ်းဆီးရမိသစ်များအား မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။