ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအေးမြင့်မောင် ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ဇီဝအရင်းအမြစ်ဆိုင်ရာသုတေသနလုပ်ငန်းများ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုပြပွဲနှင့်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

စက်တင်ဘာ ၃၀၊ နေပြည်တော်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးမြင့်မောင် သည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ မှ ၂၅ ရက်နေ့အထိ ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်းမြို၊ အမျိုးသားဇီဝအရင်းအမြစ်များဆိုင်ရာသိပ္ပံဌာန National Institute of Biological Resources ၌ ကျင်းပပြုလုပ်သည့် ဇီဝအရင်းအမြစ်ဆိုင်ရာသုတေသန လုပ်ငန်းများ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုပြပွဲ Special Exhibition on Biological Resources နှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။ ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်းမြို့ရှိ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၏ အမျိုးသားဇီဝအရင်း အမြစ်များဆိုင်ရာသိပ္ပံဌာန National Institute of Biological Resources (NIBR)၌ ကျင်းပ ပြုလုပ်သည့် ဇီဝအရင်းအမြစ်ဆိုင်ရာသုတေသနလုပ်ငန်းများ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု ပြပွဲနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။ အဆိုပါ ပြပွဲအခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကိုရီးယားနိုင်ငံဆိုင်ရာ ကမ္ဘော ဒီးယားနိုင်ငံသံအမတ်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံ သစ်တောစီမံအုပ်ချုပ်ရေးဌာန ညွှန်ကြားရေး မှူးချုပ်၊ အမျိုးသားဇီဝအရင်းအမြစ်များဆိုင်ရာသိပ္ပံဌာန National Institute of Biological Resources (NIBR) ဥက္ကဌ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံနှင့်ကိုရီးယားသမ္မတနိုင်ငံတို့ အကြား ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ သုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်း အားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ဇီဝအရင်းအမြစ်များမှတစ်ဆင့် စက်မှုထုတ်ကုန်များ တိုးတက်ထုတ်လုပ်ခြင်းကို ရေရှည်တည်တံ့စေမည့်နည်းလမ်းများ စနစ်တကျဖော်ဆောင်လေ့လာ ရေး စီမံကိန်းလုပ်ငန်းများအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းစီမံကိန်းလုပ်ငန်း များကို ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်ဖြင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး ၂၀၁၁ ခုနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများအတွင်း ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေးအတွက် သုတေသနကွင်းဆင်းလေ့လာရေးလုပ်ငန်းများအား အဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝအပင်နှင့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ၏ DNA များကို သုတေသနစမ်းသပ်၍ တိကျမှု အတွက် ဖော်ထုတ်စစ်ဆေးခြင်း၊ သဘာဝအပင်များမှ ဓာတုဒြပ်ပေါင်းများ ပါဝင်မှုကို ဓာတ်ခွဲစမ်းသပ်၍ လူသားများအတွက် အသုံးဝင်မှုဆိုင်ရာများ သိပ္ပံနည်းကျ သုတေသနပြုလေ့လာ မှုများနှင့် တွေ့ရှိချက်များအပေါ်တွင် မူပိုင်ခွင့်၊ အသုံးချနိုင်မည့် အကျိုးရလဒ်များ ပြန်လည်မျှဝေ ခြင်းတို့ကို စနစ်တကျပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောဦးစီးဌာနဝန်ထမ်းများ စွမ်း ဆောင်ရည်မြင့်မားလာစေရေးနှင့် သိပ္ပံသုတေသနလုပ်ငန်းများ၊ ကွင်းဆင်းလေ့လာရေးလုပ်ငန်း များအတွက်လည်း Seoul National University နှင့် NIBR တို့၌ ဘွဲ့လွန်သင်တန်းများ၊ လက်တွေ့လုပ်ငန်းခွင်သင်တန်းများ တက်ရောက်စေခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ နိုင်ငံနှင့်ကိုရီးယားနိုင်ငံတို့အကြား နှစ်ပေါင်းများစွာကပင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဆက်ဆံရေး ကောင်းများ ထူထောင်ထားရှိပြီးဖြစ်၍ ယခုကဲ့သို့ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာသုတေသနလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းနိုင်မည့် နည်းလမ်းများ လွှဲပြောင်းပေး အပ်ခြင်းများအတွက် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနကိုယ်စား ကျေးဇူးတင်စကား ပြောကြားလို ကြောင်းနှင့် ဆက်လက်၍ နိုင်ငံတော်ဘဏ္ဍာငွေတိုးတက်ရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များတိုးတက်ရရှိစေရေး၊ နည်းပညာများတိုးတက်လွှဲပြောင်းရရှိရေးတို့အတွက် ဇီဝအရင်းအမြစ် များမှတစ်ဆင့် ဇီဝစက်မှုထုတ်ကုန် Bio-industry လုပ်ငန်းများ တိုးတက်ပူးပေါင်းဆောင်ရွက် ရေးတို့အတွက်ပါ ဆောင်ရွက်သွားရန်ရှိပါကြောင်းတို့ကို ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကိုရီးယားသမ္မတနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ သံအမတ်ကြီးများ၊ သံမှူးများနှင့် ဧည့်သည်တော်များနှင့်အတူ ပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ပြခန်းအတွင်း မြန်မာနိုင်ငံပြခန်းအပါအဝင် နိုင်ငံအလိုက် ခင်းကျင်းပြသထားသည့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ပူးပေါင်းသုတေသနလေ့လာတွေ့ရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ကိုရီးယားသမ္မတနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဌာနအောက်ရှိ NIBR မှ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဇီဝအရင်းအမြစ်များဆိုင်ရာ သိပ္ပံ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ တိုးတက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းသိရှိရသည်။ ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း ကိုရီးယားသမ္မတနိုင်ငံရှိ ဇီဝအရင်းအမြစ်များမှ စက်မှုကုန်ကြမ်းဆေးဝါးများ၊ အလှကုန်နှင့်လူသုံးကုန်ပစ္စည်းများ သိပ္ပံနည်းကျ သုတေသန ပြုလုပ်ခြင်း၊ နိုင်ငံတကာစျေးကွက်သို့ ထုတ်လုပ်တင်ပို့နေခြင်းများဆောင်ရွက်နေသည့် Dong-A Socio Group ၏ Dong-A Science and Technology သိပ္ပံနှင့် သုတေသနဖွံ့ဖြိုးရေးဌာနသို့ လည်းကောင်း၊ Dong-A Pharmaceutical ဆေးဝါးစက်ရုံ၌ Bucchas အားဖြည့် အချိုရည် ထုတ်လုပ်မှုအားလည်းကောင်း၊ SK Group of Companies ၏ ဆေးဝါးနှင့်အလှကုန်ပစ္စည်း များထုတ်လုပ်သည့် Bioland ကုမ္ပဏီနှင့် စက်ရုံတို့သို့လည်းကောင်း သွားရောက်လေ့လာခြင်းနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရေး၊ နည်းပညာ ပူးပေါင်းဖလှယ်ရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၂၃ ရက်နေ့၌ ဆိုချောင်းမြို့ရှိ အမျိုးသား ဂေဟဗေဒဆိုင်ရာ သုတေသနဌာန National Institute of Ecology (NIE) သို့ သွားရောက်ခဲ့ပြီး ဂေဟဗေဒဆိုင်ရာ သုတေသနလုပ်ငန်းများ၊ တိုးချဲ့ပညာပေးရေးလုပ်ငန်းများနှင့် ဂေဟစနစ် အလိုက် ထိန်းသိမ်းရေးဆောင်ရွက်နေမှုလုပ်ငန်းများအား လေ့လာခြင်း၊ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။