“အမျိုးသားစားနပ်ရိက္ခာ ဖူလုံရေးအတွက် မြေယာ၊ သားငါးနှင့် သစ်တောများ၏ လုပ်ပိုင်ခွင့်အား စီမံခန့်ခွဲရန် လိုက်နာသင့်သည့် လမ်းညွှန်ချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနား

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် FAO တို့ပူးပေါင်းပြုလုပ်သည့် “အမျိုးသားစားနပ်ရိက္ခာ ဖူလုံရေးအတွက် မြေယာ၊ သားငါးနှင့် သစ်တောများ၏ လုပ်ပိုင်ခွင့်အား စီမံခန့်ခွဲရန် လိုက်နာသင့်သည့် လမ်းညွှန်ချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို (၉-၁၀-၂၀၁၅) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် နေပြည်တော် Hotel Max တွင်ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။