ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီ:ဌာန ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားခြင်းသတင်း

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအမှတ်(၃၉)၊ နေပြည်တော်၌ ပုဂ္ဂလိက သစ်တောစိုက်ခင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအား (၄.၁၂.၂၀၁၅)ရက်နေ့တွင် ကျင်းပဆောင်ရွက်မည် ဖြစ်ပါ၍ ဧက(၅၀)နှင့်အထက် စိုက်ပျိုးပြီးနှင့် စိုက်ပျိုးမည့် စိတ်ပါဝင်စား သည့် လုပ်ငန်းရှင်များအားတက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
လူဦးရေကန့်သတ်ချက်ရှိသဖြင့် (၁၆-၁၁-၂၀၁၅)ရက်နေ့မှ(၂၄-၁၁-၂၀၁၅)ရက်နေ့အထိ ရုံးချိန်အတွင်း သစ်တောဦးစီးရုံးချုပ် ၊ နေပြည်တော်၊ ဖုန်း ၀၆၇-၄၀၅၁၁၁ ၊ ၀၆၇ -၄၀၅၀၁၆၊ ၀၆၇-၄၀၅၁၁၉ ၊ Fax-၀၆၇-၄၀၅၀၈၂ ၊ Email [email protected] သို့ အချိန်မီ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း၊ တက်ရောက်ခွင့် အတည်ပြုချက်အား ပြန်ကြားပေးမည် ဖြစ်ပြီ: အသေးစိတ်သိရှိလိုပါက အထက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း နိုင်ပါ ကြောင်း သတင်းရရှိပါသည်။