ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန နဝမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ (၁၈-၁၁-၂၀၁၅၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းမိသားစုတို့၏ နဝမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၀၅:၃၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၂၈) ကျွန်းရွှေဝါခမ်းမ၌ ကျင်းပပါသည်။
အခမ်းအနားတွင် လယ်ဝေးမြို့၊ ပေါက်မြိုင် ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး အရှင်သူမြတ်များထံမှ ပရိသတ်များက ဘုရားကန်တော့၍ ငါးပါးသီလခံယူဆောက်တည်ကြပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး ဝန်ထမ်းမိသားစုများနှင့် ဧည့်သည်များ တက်ရောက်ကြည်ညိုကြပြီး ကထိန်သင်္ကန်းနှင့်တကွ လှူဘွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပါသည်။ ပေါက်မြိုင်ကျောင်းတိုက် ဆရာတော် အရှင်သူမြတ်များထံမှ အနုမောဒနာ တရားများနာကြား၍ ရေစက်သွန်းချ အမျှပေးဝေပြီး အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြောင်းသတင်းရရှိပါသည်။