မြန်မာနိုင်ငံရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများအား အကဲဖြတ်ဆန်းစစ် သည့် မူဘောင်တစ်ရပ်ရေးဆွဲခြင်းနှင့် ရလဒ်များ ဖော်ထုတ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်းသတင်း (၉.၁၂.၂၀၁၅ ၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန မှ (၉.၁၂.၂၀၁၅)ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြု လုပ်သော မြန်မာနိုင်ငံရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများအား အကဲဖြတ်ဆန်းစစ် သည့် မူဘောင်တစ်ရပ်ရေးဆွဲခြင်းနှင့် ရလဒ်များ ဖော်ထုတ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၊ သစ်တောနှင့်လယ်ယာဏ္ဍအစီအစဉ်(FFF / FAO)မှ Mr.Fred Kafeero၊ အာရှပစိဖိတ်ဒေသအဆင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ လေ့ကျင့်ရေးဗဟိုဌာန (RECOFTC)မှ Dr.Bindo Chapagain၊ တက်ရောက်လာသောအရာရှိကြီးများ ၊ တက္ကသိုလ်မှပညာရှင်များ၊ ပြည် တွင်း/ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါ သည်။
ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် (၁၉၇၀)ခုနှစ်မှစ၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို စတင်စမ်းသပ် အကောင်အထည်ဖော်ခဲ့ရာမှ ဥရောပ၊ လက်တင်အမေရိက ၊ အာဖရိကနှင့် အာရှနိုင်ငံများတွင် အဓိကသစ်တောမူဝါဒအဖြစ် ချမှတ်ဆောင်ရွက်လာရသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း(Community Forestry –CF ကို Community Based Forest -CBF )Social Forestry နှင့် Joint Forest Management –JFM စသည်ဖြင့် အမည်အမျိုးမျိုး နည်းလမ်းအမျိုးမျိုးဖြင့် ကမ္ဘာတွင် ဆောင်ရွက် နေကြောင်း၊
၁၉၉၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ကမ္ဘာမြေ ညီလာခံနောက်ပိုင်း သစ်တောစီမံအုပ်ချုပ်လုပ်ကိုင် မှုလုပ်ငန်းများတွင် ပြည်သူလူထုမှ ပူးပေါင်းပါဝင်မှုကို ပိုမိုအသိအမှတ်ပြုလာကြောင်း၊ မြန်မာနိုင်ငံ တွင်လည်း ၁၈၅၆ ခုနှစ်ကတည်းက သစ်တောများကို သစ်တောစီမံအုပ်ချုပ်မှု လုပ်ငန်းစဉ်များ နှင့်အညီ လုပ်ကိုင်လျက်ရှိကြောင်း၊ သစ်တောဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် သယံဇာတ အရင်းအမြစ် များ ရေရှည်တည်တံ့သောနည်းဖြင့် ထုတ်လုပ်သုံးစွဲရန်မှာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အခန်း ကဏ္ဍကို အလေးထားဖော်ပြပြီး သစ်တောမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲခဲ့ပါကြောင်း၊
၁၉၉၅ ခုနှစ်တွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို ထုတ်ပြန်ပြီး သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းများမှာ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း ပါဝင်မှုမှာ မြန်မာ့သစ်တောကဏ္ဍတွင် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ နှစ်(၃၀) အမျိုးသား သစ်တောကဏ္ဍပင်မစီမံကိန်း၏ ၂၀၀၁-၂၀၁၀ ကာလတွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော စုစု ပေါင်း(၈၂,၀၀၀)ဧက တည်ထောင်နိုင်ခဲ့ကြောင်း၊ နောင်ကာလတွင်လည်း ပိုမိုမြန်ဆန်ထိရောက် သော နည်းလမ်းများနှင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများ ကို တည်ထောင်ခဲ့သည်မှာ နှစ်(၂၀)သက်တမ်းရှိသော ၁၉၉၅ ခုနှစ် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ(CFI)အား ပြန်လည်သုံးသပ်ပြီး လက်ရှိအခြေအနေ နှင့်ကိုက်ညီအောင် ပြင်ဆင်မွမ်းမံရန် ဖြစ်ပါကြောင်း၊
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများတွင် ကျူးကျော်နေထိုင်သော ဒေသခံများ၏ ရွာ/လယ်/ သာသနာ့မြေ/ အများပိုင်မြေ စုစုပေါင်း ဧက(၅)သိန်းကျော်ကို သစ်တောမြေမှ ပယ်ဖျက်ပေးခဲ့ပြီး ယာမြေစုစုပေါင်းဧက(၈သိန်း၄သောင်း)ကျော်ကို သီးနှံသစ်တောစနစ်ဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောအဖြစ် ဖွဲ့စည်းတည်ထောင် ခွင့်ပြုလျက်ရှိကြောင်း၊ RECOFTC ၏ ကနဦးပံ့ပိုးကူညီမှုဖြင့် အမျိုးသားအဆင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအဖွဲ့ (CFNWG)ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖွဲ့စည်းခဲ့ပြီး သစ်တောဦးစီးဌာနမှ CF Unit များကို ခရိုင်ပေါင်း (၆၄)အနက်၊ (၅၇)ခရိုင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊
၁၉၉၅ ခုနှစ်၊ CFI မှ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များကို ဖြည့်စည်းပေးရန် ဦးတည် ထားသော်လည်း ၂၀၁၅ ခုနှစ်၊ CFI မူကြမ်းတွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောထွက်ပစ္စည်း များအား ဈေးကွက်တင်ပို့ရောင်းချခြင်းအဆင့်အထိ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ပြုပြင်လျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံရှိ လူဦးရေအများစုမှာ ကျေးလက်ဒေသနေပြည်သူများဖြစ်ပြီး နေ့စဉ်လူမှုဘဝ အတွက် သစ်တောသယံဇာတအပေါ်တွင် မှီခိုအားထားနေကြဆဲဖြစ်ပါကြောင်း၊
ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းသည် ကျေးလက်ဒေသနေပြည်သူများ အတွက်စားဝတ်နေရေး ဖူလုံမှုအတွက်မှန်ကန်ပြီး လက်တွေ့ကျသော ဖြေရှင်းဆောင်ရွက်မှု နည်းလမ်း တစ်ခုဖြစ်ပြီးဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ၊
ယနေ့အလုပ်ရုံဆွေးနွေးပွဲ၏ ဦးတည်ချက်ဖြစ်သော ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ် ငန်းများ၏ အခြေအနေကိုဆန်းစစ်သည့် မူဘောင်ရေးဆွဲရေးလုပ်ငန်းသည် FAO ၏ ပံ့ပိုးမှုဖြင့် ( Forest and Farm Facility-FFF) အစီအစဉ်တွင် ဆောင်ရွက်မည့်စီမံကိန်း လုပ်ငန်းစဉ်တစ်ခု ဖြစ် ပါကြောင်း၊ ၎င်းစီမံကိန်းမှတစ်ဆင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဖွံဖြိုးတိုးတက်စေ ရန် ဆန်းသစ်ပြီး ထိရောက်သောချဉ်းကပ်မှုနည်းလမ်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် ခြင်း၊ လယ်ယာနှင့်သစ်တောလုပ်ငန်းလုပ်ကိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေခြင်း၊ သစ်တော အခြေခံလူမှုဘဝဖွံ့ဖြိုးမှုနှင့်ဆက်စပ်သော ရင်းနှီးမြှုပ်နှံမှုများအတွက် လမ်းပြမြေပုံများရေးဆွဲခြင်း စသော အရေးကြီးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း
FFF ဆန်းစစ်မှု မူဘောင်သည် FAO နှင့်မိတ်ဖက်အဖွဲ့အစည်းများက ပြုစုရေးဆွဲခြင်းဖြစ်ပြီး ၄င်းကို အသုံးပြု၍ တစ်ကမ္ဘာလုံးတွင် နိုင်ငံ ( ၉ ) ခုမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော၏ ထိရောက်အောင်မြင်မှုကို အာရှနိုင်ငံကိုယ်စားပြုအဖြစ် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့တွင် ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတကာတွင် ဆောင်ရွက်နေသော အကဲဖြတ်ဆန်းစစ်သည့် လုပ်ငန်းစဉ်များအားလုံး ဆောင်ရွက်ပြီးလျင်ကမ္ဘာလုံးဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာကို FAO မှ စုစည်းပြုစုသွားမှာဖြစ်ပါ ကြောင်း ပြောကြားသွားပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းနှင့် ဆက်စပ် လျက်ရှိသောဌာနအဖွဲ့အစည်းများ၊ကျွမ်းကျင်သူပညာရှင်များ၊တက္ကသိုလ်မှပညာရှင်များ တက်ရောက် ဆွေးနွေးကြပြီး အစည်းအဝေးကို ( ၁၅:၀၀) နာရီတွင် ရုတ်သိမ်းလိုက်ကြောင်း သတင်း ရရှိပါသည်။