ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၀န်ကြီးဌာန သုတေသနစာတမ်းဖတ်ပွဲ

ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၀န်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနနှင့် သစ်တောတက္ကသိုလ်တို့မှ သုတေသီပညာရှင်များ ဖတ်ကြား တင်သွင်းမည့် သစ်တောကဏ္ဍဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို အောက်ဖေါ်ပြပါ အစီအစဉ် အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင် ပါကြောင်း ဖိတ်ကြားအပ်ပါသည်။ သုတေသနစာတမ်း ဖတ်ပွဲတွင် သုတေသနစာတမ်း (၃၀) စောင် ဖတ်ကြားတင်သွင်းမည် ဖြစ်ပါသည်။

ကျင်းပမည့်နေ့ရက် - ၂၀၁၅ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ
ကျင်းပမည့်အချိန် - ၀၉: ၀၀ နာရီ မှ ၁၆: ၃၀ နာရီ အထိ
ကျင်းပမည့်နေရာ - ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၊ နေပြည်တော်၊
ရုံးအမှတ် (၃၉)

စာတမ်းဖတ်ပွဲဖြစ်မြောက်ရေးကော်မတီ
သစ်တောသုတေသနဌာန