ဦးစီးရုံးချုပ်၊ ဖမ်းဆီးရေးအဖွဲ့မှ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်း တရားမဝင်သစ် ဖမ်းဆီးရမိမှု

ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်း တရားမဝင်သစ်များ သယ်ဆောင်နေကြောင်း သတင်းရရှိမှု အပေါ် သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇေယျ ခေါင်းဆောင်၍ အရာထမ်း/အမှုထမ်းများ ပါဝင်သော ဖမ်းဆီးရေးအဖွဲ့သည် ၆-၁-၂၀၁၆ ရက်နေ့မှ ၉-၁-၂၀၁၆ ရက်နေ့အထိ ပဲခူးမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ စုစုပေါင်း တရားမဝင်သစ် (ကျွန်း၊ ပျဉ်းကတိုး၊ အခြားသစ်မျိုးစုံ) (၁၅၄.၉၉၈၅)တန်၊ ပျဉ်းကတိုးလျှာထိုး (၃၇၅၆)ချောင်း (၅.၄၉၃၂)တန်၊ ချိန်းဆော (၁)လက်၊ မီးသွေး (၇၀၁)အိတ် (၁၆၀.၈၀)တန်၊ ယာဉ် (၈)စီးနှင့် တရားခံ (၁၈)ဦး ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါသည်။