ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး (၈.၁.၂၀၁၆ ၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည်(၈.၁.၂၀၁၆)ရက်နေ့၊ နေ့လယ်ပိုင်းတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တော တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ နှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူများလိုက်ပါလျက် သစ်တောသုတေသနဌာနနှင့် သစ်တောတက္ကသိုလ်(ရေဆင်း)တို့သို့သွားရောက်၍ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် သစ်တောသုတေ သနဌာန သစ်စေ့သိုလှောင်ခန်း နှင့် သစ်စေ့ဓာတ်ခွဲခန်းများ၊ သစ်တောတက္ကသိုလ် ကျောင်းသား (၅၀) ဆံ နှစ်ထပ်အိပ်ဆောင်အဆောက်အဦ၊ သစ်တောတက္ကသိုလ် နှစ်ထပ်စာကြည့်တိုက် အဆောက်အဦ နှင့် တူးဖော်ထားရှိသော အဝီစိတွင်း၊ ရေသိုလှောင်ကန်နှင့်ရေစင်တို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်း ရရှိပါသည်။