ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ''တိုင်းဒေသကြီးနှင့် ပြည်နယ်သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ'' ဖွင့်ပွဲ ကျင်းပခြင်းသတင်း (၁၄-၁-၂၀၁၆ ၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၀၈:၀၀)နာရီ အချိန်တွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ အဆိုပါ အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တောတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး များ၊ သစ်တောဦးစီးရုံးချုပ်မှ အရာထမ်းအမှုထမ်းများ တက်ရောက်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုအလုပ်ရုံဆွေးနွေးပွဲသည် ဝန်ကြီး ဌာန၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သော သစ်တောသယံဇာတများကို ကာကွယ်ထိန်းသိမ်းစောင့် ရှောက်ရန်နှင့် သားစဉ်မြေးဆက်တိုင် စဉ်ဆက်မပြတ် ရေရှည် ထုတ်ယူသုံးစွဲနိုင်ရန်အတွက် သစ်တော စီမံအုပ်ချုပ်မှုလုပ်ငန်းများကို ပိုမိုကောင်းမွန်ထိရောက်ပြီး၊ တိုးတက်လာသည့် ခေတ်စနစ်များနှင့်အညီ ပြောင်းလဲကျင့်သုံးနိုင်ရန် ဆွေးနွေးကြမည်ဖြစ်ကြောင်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း လုပ် ဆောင်ချက်များအပေါ် အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သင့်သည့် အစီအမံများကို ချမှတ် နိုင်ရန်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရေးဆွဲပြုစုထားသည့် လုပ်ငန်းစီမံချက်နှင့် ဘဏ္ဍာ ရေးရငွေ/သုံးငွေလျာထားချက်များအပေါ် ဆွေးနွေးတင်ပြရန်၊ ၂၀၁၆-၂၀၁၇ မှ ၂၀၂၅-၂၀၂၆ အထိ နောင်(၁၀)နှစ်အတွက် ရေးဆွဲထားသည့် ခရိုင်သစ်တောအုပ်ချုပ် လုပ်ကိုင်မှုစီမံကိန်းများအား အတည်ပြုနိုင်ရေးတင်ပြ ဆွေးနွေးရန်၊ သစ်တောလုပ်ငန်းများ၊ သစ်တောထွက်ပစ္စည်းထုတ်လုပ်မှုများနှင့် ပတ်သက်ပြီး ခေတ်စနစ်နှင့့် လျော်ညီစွာပြန်လည်ပြုစုထားသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက် (Standard Operating Procedures-SOPs)များအပေါ်တွင် အသေးစိတ်ဆွေးနွေး ဖြည့်စွက်ပြင်ဆင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း၊
၁၈၅၆ခုနှစ်ကတည်းက စတင်၍ မြန်မာနိုင်ငံ၏ သစ်တောသယံဇာတများကို သိပ္ပံ နည်းကျ စီမံအုပ်ချုပ်ခဲ့ရာ နှစ်ပေါင်း (၁၆၀)တိုင် ရှိခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံတော် ဧရိယာ ၏ ၄၄.၂% အထိ သစ်တောဖုံးလွှမ်းမှုကိုထိန်းသိမ်းထားနိုင်ခဲ့သည့် အကြောင်းခံအချက်များကို သုံးသပ်ကြည့်ပါက မြန်မာ့ရွေးချယ်ခြင်းစနစ်(Myanmar Selection System-MSS)ကို ခေတ် အဆက်ဆက် လိုက်နာကျင့်သုံးခဲ့ခြင်း၊ မြန်မာ့သစ်တောမူဝါဒ(၁၉၉၅)ကိုပြဋ္ဌာန်းပြီး ပဓာနအချက် (၆)ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်း၊ သစ်တောသယံဇာတထိန်းသိမ်းရေးနှင့် သစ်တောထွက်ပစ္စည်းများ ထာဝစဉ်ညီထုတ်ယူသုံးစွဲနိုင်ရေး ဟူသည့် ကဏ္ဍနှစ်ရပ်ကို ဟန်ချက်ညီ ညီထိန်းညှိဆောင်ရွက်နိုင်ခဲ့ခြင်း၊ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း တို့ကြောင့် ဖြစ်ကြောင်း၊
သစ်တောဦးစီးဌာနမှ လက်ရှိလိုက်နာကျင့်သုံးသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်နှင့် စီမံကိန်းများကို ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ လိုအပ်ချက် များနှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ နောင် အစိုးရ လက်ထက်တွင် လက်တွေ့ဆောင်ရွက်နိုင်မည့် ခရိုင် သစ်တောအုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်း များ ဖြစ်စေရန် အသေးစိတ်ဆွေးနွေးပြီး ပြုပြင်ဖြည့်စွက် ဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း၊
သစ်တောဦးစီးဌာနတွင် စံသတ်မှတ်ချက်များနှင့် ကိုးကားဆောင်ရွက်ရမည့် သစ်တော လုပ်ငန်းတစ်ခုချင်း အလိုက် လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက် (Standard Operating Procedures- SOPs)မူကြမ်းများကိုရေးဆွဲပြုစုခဲ့ပြီးဖြစ်ရာ ယခုအလုပ်ရုံဆွေးနွေးပွဲမှ အကြေအလည် အသေးစိတ်ဆွေးနွေးကြပြီး အတည်ပြုထုတ်ပြန်နိုင်ရန်အတွက် ပြီးပြည့်စုံမှုရှိအောင် ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊
ဌာနအဖွဲ့အစည်းများအနေဖြင့် နှစ်လတ်၊ နှစ်တိုစီမံကိန်းကာလများ သတ်မှတ်ပြီး လျာထား ချက်များကို အဆင့်ဆင့် အောင်မြင်အောင် ဆောင်ရွက်ကြရာတွင် အရေးကြီးသည့့်အချက်မှာ ယခင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၏ အားသာချက်၊ အားနည်းချက်များကို မှန်ကန်စွာ သုံးသပ် ဖော်ထုတ်ရရှိချက်များအပေါ် မူတည်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်လျှင် လိုအပ်သလို နောင် ဆက်လက် ဆောင်ရွက်သွားရမည့်အစီအမံများကို ပြင်ဆင်သွားရမည်ဖြစ်ကြောင်း၊
ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမှ နိုင်ငံတော်၏ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ထာဝစဉ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လက်တွေ့နှင့် ကိုက်ညီပြီး လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်သည့့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်များ ပေါ်ထွက်ပြဋ္ဌာန်း နိုင်ရေး၊ ပြည့်စုံကောင်းမွန်သည့့် ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများ အတည်ပြု ဆောင် ရွက်နိုင်ရေး၊ သစ်တောဦးစီးဌာန၏ ကောင်းမွန်သည့် သမိုင်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်း လျက် သစ်တောစီမံအုပ်ချုပ်မှုစနစ်အတွက် ဆွေးနွေးမှုရလဒ်များ၊ ရှေ့လုပ်ငန်းစဉ်များ ပီပြင်စွာ ချမှတ်နိုင်စေရေး ဆွေးနွေးဆောင်ရွက်ကြပါရန်တိုက်တွန်းမှာကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲအား (၁၄-၁-၂၀၁၆)ရက်နှင့် (၁၅-၁-၂၀၁၆)ရက်၊ (၂)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးများမှ သစ်တောစီမံအုပ်ချုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။