ပဲခူးခရိုင် သစ်တောဦးစီးဌာနနှင့် ပဲခူးမြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သစ်တောဦးစီးဌာနနှင့် ပဲခူးမြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်စဉ် (၂၆-၁-၂၀၁၇)ရက်နေ့ တွင် ပဲခူးမြို့နယ်၊ စလူဆည်အနီး ခန့်မှန်းမြေပုံညွှန်း (47QKV- 214429) နေရာတွင် ယာဉ်အမှတ် (6B/3191)တပ်ဆင်ထားသော NISSAN အမျိုးအစား(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၂၇)ချောင်း၊ (၄.၆၇၄၄)တန်နှင့် တရားခံ(၃)ဦး နှင့် (၂၇-၁-၂၀၁၇) ရက်နေ့တွင် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းနှင့် ပဲခူးမြို့ရှောင်လမ်း အဆုံတွင် ယာဉ်အမှတ်(YGN- IM/1772) တပ်ဆင်ထားသည့် FUSO အမျိုးအစား(၁၂) ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၅၂)ချောင်း၊ (၆.၂၃၁၈)တန်နှင့် တရားခံ (၂)ဦး ဖမ်းဆီးရမိပါသည်။