ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လာရှိုးမြို့မရဲစခန်းနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၄-၂-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လာရှိုးမြို့မရဲစခန်းနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် လားရှိုးမြို့၊ မြို့ရှောင်လမ်းတိုးလ်ဂိတ်တွင် ယာဉ်အမှတ်(MDY-8A/1151) တပ်ဆင်ထားသော Dyna အမျိုးအစား၊ အဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ဓားရွေ(၂၁)တုံး၊ (၂.၉၇၈၄)တန်နှင့်အတူ တရားခံ (၃)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများ ပ.ပ.က ဥပဒေပုဒ်မ ၆(၁)ဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ပါသည်။