မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြစ်ငယ်ရဲစခန်းမ ရဲတပ်ဖွဲ့ဝင်များ စာတိုးမြို့ပြင်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၅-၂-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြစ်ငယ်ရဲစခန်းမ ရဲတပ်ဖွဲ့ဝင်များ စာတိုးမြို့ပြင်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ စာတိုးမြို့ပြင်ကြီးကျေးရွာ၊ မြို့သစ်ရပ်ကွက်၊ ဒေါ်အေးတင်၏ခြံဝင်းအတွင်းမှ တရားမဝင် (တမလန်း၊ ပိတောက်) ဓားရွေ(၃၂၁)တုံး၊ (၁၀.၇၉၆၄)တန်အား ဖမ်းဆီးရမိပါသည်။ ပိုင်ရှင်အား သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ အရေးယူဆောင်ရွက်မည် ဖြစ်ပါသည်။