စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် စံပါယ်နံ့သာရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များ ဖမ်းဆီးရမိခြင်း

(၅-၂-၂၀၁၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် စံပါယ်နံ့သာရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ် စံပါနယ်နံ့သာ-ကန့်ဘလူကားလမ်း မိုင်တိုင် (၁/၀) အနီးတွင် ယာဉ်အမှတ် (M/709)နှင့် (SHN-L/5645) တပ်ဆင်ထားသော TE အမျိုး အစား၊ (၆)ဘီးယာဉ်(၂)စီးပေါ်မှ တရားမဝင်သစ်မာခွဲသား(၁၉၀)ချောင်း၊ (၆.၉၈၇၆) တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ တရားခံများအား သစ်တောဥပဒေ ပုဒ်မ ၄၂(ခ)အရ အရေးယူဆောင်ရွက်ထားရှိပါသည်။