ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မိုင်းယုမြို့မရဲခစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ (စ.ရ.ဖ)တပ်ဖွဲ့နှင့် မြို့မ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၅-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မိုင်းယုမြို့မရဲခစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ (စ.ရ.ဖ)တပ်ဖွဲ့နှင့် မြို့မ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဖြတ်မြို့နယ်၊ ဒွန်းနွဲ့ကျေး ရွာနှင့် ဝမ်နားမြတ်ကျေးရွာအကြား မိုင်းယုမြို့၏ အရှေ့တောင်ဘက်(၈)မိုင်ခန့်အကွာ၊ ခန့်မှန်းမြေပုံညွှန်း(ML-630791)နေရာတွင် ယာဉ်အမှတ်(7J/8023 နှင့် 2C/6048) တပ်ဆင်ထားသော DONGSENG (တူးကရောင်း)တစ်ပါအမျိုးအစား၊ (၆)ဘီးယာဉ်(၂)စီး ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(စစ်ဆေးဆဲ) ခန့်မှန်း(၇)တန်ခန့် သိမ်းဆည်းရမိပါသည်။ တရားမဝင် သစ်ပိုင်ရှင်၊ မော်တော်ယာဉ်များနှင့် ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး မိုင်းယုမြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ထားရှိပါသည်။