ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၇-၂-၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့ သည် ပုသိမ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ ကြိုးတံတားအနီး ခန့်မှန်း မြေပုံညွှန်း(FP.852609) နေရာတွင် ယာဉ်အမှတ်(AYY-2B/9107) တပ်ဆင်ထားသော HINO အမျိုးအစား၊ အစိမ်းရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၃၈) ချောင်း၊ (၅.၅၄၄၈)တန်နှင့်အတူ တရားခံ(၄)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၁(က)အရ အရေး ယူဆောင်ရွက်မည်ဖြစ်ပါသည်။