၄-၇-၂၀၁၇ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ခေါင်းဆောင်၍ ကောလင်း/ဝန်းသိုမြို့နယ် ဦးစီးအရာရှိများ နှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်ဖမ်းဆီး

၄-၇-၂၀၁၇ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ခေါင်းဆောင်၍ ကောလင်း/ဝန်းသိုမြို့နယ် ဦးစီးအရာရှိများ နှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုများအား တရားမဝင်သစ်ထွက်ရှိရာ တောတွင်းနေရာများတွင် ရှာဖွေဖော် ထုတ်ဖမ်းဆီးခဲ့ရာ ဝန်းသိုမြို့နယ်၊ ပြင်တဲကြိုးဝိုင်းအကွက်အမှတ် (၂၅၊ ၂၇)အတွင်းမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၁၂၀၉)လုံး/ချောင်း (၂၀.၃၁၆၉)တန်ကို သစ်စက် (၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားမဝင်သစ်/ သစ်စက်နှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိပါသည်။