၇-၇-၂၀၁၇ရက်နေ့(၀၉:၃၀)နာရီအချိန်ခန့်၌ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊မြန်အောင်မြို့နယ်ဦးစီးအရာရှိခေါင်းဆောင်သောသစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊လ.ဝ.ကနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်ဖမ်းဆီး

၇-၇-၂၀၁၇ရက်နေ့(၀၉:၃၀)နာရီအချိန်ခန့်၌ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊မြန်အောင်မြို့နယ်ဦးစီးအရာရှိခေါင်းဆောင်သောသစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊လ.ဝ.ကနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်ခိုးယူသယ်ဆောင်မှုများအား စုံစမ်းရှာဖွေလျက်ရှိရာ မြန်အောင်မြို့ နယ်၊ ဘန့်ဘွေးကုန်းဘိနယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၁၀၄/၅)အနီးတွင် ဖွဲအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော တရားမဝင်ပိတောက်ခွဲသား (၃၈)ချောင်း (၃.၇၂၇၆)တန်ကို ယာဉ်အမှတ်၊ 8H/2657 Canter (၆)ဘီးယာဉ်ပေါ်မှ တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိပြီး၊ တရားမဝင်သစ်/ယာဉ်နှင့် တရားခံများအား ဥပဒေနှင့်အညီ တရား စွဲဆိုဆောင်ရွက်လျက်ရှိပါသည်။