၉-၇-၂၀၁၇ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ဦးစီးအရာရှိ ခေါင်းဆောင်သော သစ်တောဦးစီးဌာန ဝန်ထမ်းများသည် သတင်းအရ တရားမဝင်သစ် ခိုး ယူသယ်ဆောင်ခြင်းအား ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့ရာ

၉-၇-၂၀၁၇ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ဦးစီးအရာရှိ ခေါင်းဆောင်သော သစ်တောဦးစီးဌာန ဝန်ထမ်းများသည် သတင်းအရ တရားမဝင်သစ် ခိုး ယူသယ်ဆောင်ခြင်းအား ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့ရာ တောင်ငူမြို့နယ်၊ (၁)ရပ်ကွက်၊ ထီးလှိုင်လမ်းဘေးနေရာတွင် လမ်းခင်းကျောက်များဖြင့် ဖုံးအုပ်လျက် တရားမဝင် ပိတောက် ခွဲသား(၇.၉၅၄၂)တန်တင်ဆောင် ရပ်တန့်ထားသည့် ယာဉ်(၂)စီးအား ဖမ်းဆီးရမိခဲ့ပြီး၊ တရားမဝင်သစ်/ယာဉ်နှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာ ဖွေဖော်ထုတ်ရန် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်လျက်ရှိပါသည်။