၁၀-၇-၂၀၁၇ ရက်နေ့ (၀၈:၄၀)နာရီ၌ ရှမ်းပြည်နယ်(လားရှိုး)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများသည် တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုများအား စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိရာ

၁၀-၇-၂၀၁၇ ရက်နေ့ (၀၈:၄၀)နာရီ၌ ရှမ်းပြည်နယ်(လားရှိုး)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများသည် တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုများအား စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိရာ မဘိမ်းမြို့နယ်၊ ရွှေလီမြစ်ကြောင်းအတွင်းနှင့် ပတ်ဝန်းကျင်နေရာတို့မှ တရားမဝင်ကျွန်းသစ်လုံး(၁၄၆)လုံး (၂၁.၀၄၆)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရား မဝင်သစ်နှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိပါသည်။