သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ၊ အပြည်ပြည်ဆိုင်ရာ တောင်တန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (ICIMOD)နှင့် ကိုရီးယား သစ်တောဌာန (KFS) တို့ ပူးပေါင်းကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ၊ အပြည်ပြည်ဆိုင်ရာ တောင်တန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (ICIMOD)နှင့် ကိုရီးယား သစ်တောဌာန (KFS) တို့ ပူးပေါင်းကျင်းပသည့် GPS ကိုင်တွယ်အသုံးချခြင်း၊ Global Mapper နှင့် AreGIS SoftWare များ အသုံးပြု၍ မြေပုံထုတ်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁၁-၇-၂၀၁၇ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန၊ ရေဆင်း (စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ပါသည်။သင်တန်းကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာန၏ သစ်တောကဏ္ဍအဆင့်မြင့်နည်းပညာ အသုံးပြုမှုဆိုင်ရာ လုပ်ငန်းများတွင် လူငယ် မျိုးဆက်သစ်များ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာရေး ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ သင်တန်းတွင် GPS ကိုင်တွယ်အသုံးချခြင်း၊ Global Mapper နှင့် AreGIS SoftWare များ အသုံးပြု၍ မြေပုံထုတ်ခြင်းများအား ကျွမ်းကျင်ပညာရှင် သင်တန်းဆရာများက ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ (၁၁)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါ သည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သစ်တောဦးစီးဌာနမှ ဌာနဆိုင်ရာ အရာရှိကြီးများ ၊ သင်တန်းနည်းပြဆရာများ၊ သုတေသီများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးအဆင့် သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။