၂၀၁၇ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇:၃၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ် (၁၆)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ ကျွန်းပင်စိုက်ပျိုးပေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၁၇ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇:၃၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ် (၁၆)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ ကျွန်းပင်စိုက်ပျိုးပေးပါသည်။  
သစ်ပင်စိုက်ပျိုးပွဲသို့ နေပြည်တော်ကောင်စီဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်(သစ်တောတက္ကသိုလ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်(သစ်တောတက္ကသိုလ်)၊ ညွှန်ကြားရေးမှူး များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာ၌ ကျွန်းပင်ကို စိုက်ပျိုးပေးပြီး၊ နေပြည်တော်ကောင်စီဝင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနရှိ အရာထမ်း၊အမှုထမ်းများက ကျွန်းပင်များကိုလည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အရာထမ်း၊အမှုထမ်း များက ပိတောက်ပင်များကိုလည်းကောင်း၊ သတ္တုတွင်း အရာထမ်း၊အမှုထမ်းများက တမလန်းနှင့် အင်ကြင်းပင်များကိုလည်းကောင်း၊ နေပြည်တော်သစ်တောဦးစီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ်များမှ အမှုထမ်း၊ အရာထမ်းများက ကျွန်းပင်နှင့်တမလန်းပင်များကိုလည်းကောင်း စိုက်ပျိုးကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အကြီးအကဲများသည် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမှုထမ်း၊ အရာထမ်းများ၏ ပျိုးပင်များ စိုက်ပျိုးနေမှုကို ကြည့်ရှု၍ အားပေးစကားပြောကြားပါသည်။
ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ အင်အား(၁၀၀၀)ကျော် တက်ရောက်ခဲ့ကြ ပြီးကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ အင်ကြင်း ပျိုးပင် စုစုပေါင်း(၁၀၄၄)ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြပါသည်။ စိုက်ပျိုးပြီး သစ်ပင်များအား လယ်ဝေးမြို့နယ်နှင့်နေပြည်တော်သစ်တော ဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါသည်။