သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအစည်းအဝေး (၂/၂၀၁၇)ကို ကျင်းပပြုလုပ်

(၂၉.၈.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၄းဝ၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအစည်းအဝေး (၂/၂၀၁၇)ကို ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်း၊ သစ်တောအရာရှိကြီးများနှင့် ပုဂ္ဂလိကတင်ဒါလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။