သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌၊ သစ်တောဦးစီးဌာနနှင့် ထူးကုမ္ပဏီများအုပ်စုတို့၏ တိရစ္ဆာန်ဥယျာဉ်လုပ်ငန်းများဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

(၃၀.၈.၂၀၁၇)ရက်နေ့ နံနက်(၁၀း၃၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌၊ သစ်တောဦးစီးဌာနနှင့် ထူးကုမ္ပဏီများအုပ်စုတို့၏ တိရစ္ဆာန်ဥယျာဉ်လုပ်ငန်းများဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများ၊ ထူးကုမ္ပဏီများအုပ်စု ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်၍ တိရစ္ဆာန်ဥယျာဉ်လုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်….