သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌၊ နတ်မတောင်နှင့် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်တို့၏ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပပြုလုပ်

(၄.၉.၂၀၁၇)ရက်နေ့ နံနက်(၁၀းဝ၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌၊ နတ်မတောင်နှင့် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်တို့၏ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။ အစည်းအဝေးတွင် အလောင်းတော်ကဿပနှင့် နတ်မတောင်အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှုများက အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များအား ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်က အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။