ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင် နှင့် တာဝန်ရှိသူများအား South Africa Wildlife Colleague(SAWC)မှ ပညာရှင်များဖြစ်သော Mr.Ruben De Kock နှင့်အဖွဲ့မှလာရောက်တွေ့ဆုံ

(၆-၉-၂၀၁၇)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင် နှင့် တာဝန်ရှိသူများအား South Africa Wildlife Colleague(SAWC)မှ ပညာရှင်များဖြစ်သော Mr.Ruben De Kock နှင့်အဖွဲ့မှလာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံတောရိုင်းတိရစ္ဆာန်နှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး လေ့ကျင့်ရေးကျောင်းတည်ဆောင်နိုင်ရေးအတွက်ဆွေးနွေးခဲ့ကြပါသည်…..