ခါကာဘိုရာဇီဒေသအားကမ္ဘာ့အမွေအနှစ် စာရင်းဝင်နယ်မြေအဖြစ် အဆိုပြုတင်သွင်းသည့် ပဉ္စမ အကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် UNESCO တို့ ပူးပေါင်းကျင်းပသည့် ခါကာဘိုရာဇီဒေသအား မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နယ်မြေအဖြစ် အဆိုပြုတင်သွင်းသည့် ပဉ္စမအကြိမ်မြောက် အစည်း အဝေးကို (၇-၉-၂၀၁၇) နံနက် (ဝ၉:ဝဝ)နာရီအချိန်တွင် Amara Hotel ၊ နေပြည်တော် ၌ ကျင်းပပြု လုပ်ပါသည်။
ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးသည် မြန်မာနိုင်ငံ၊ သဘာဝအမွေအနှစ် နယ်မြေ များကာကွယ်ရေးအဆင့် (၂)ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေပြီး ခါကာ ဘိုရာဇီဒေသအား UNESCO ၏ သဘာဝအမွေအနှစ်၊ စာရင်းဝင်နယ်မြေအဖြစ် အချိန်မီ စာရင်း တင်သွင်းနိုင်ရန် ဆောင်ရွက်ရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနနှင့် UNESCO အကြား လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို ကောင်းမွန်စေသည့် မှတ်တိုင် တစ်ခုဖြစ်ပါသည်။ ခါကာဘိုရာဇီဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေအဖြစ် တင်သွင်း မည့် အလားအလာရှိသော နယ်မြေများစာရင်းတွင် ပထမဦးစားပေးနယ်မြေဖြစ်ပါသည်။
ခါကာဘိုရာဇီဒေသကို ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ၎င်း၏တောင်ပိုင်း တိုးချဲ့နယ် မြေအပါအဝင် ဖုန်ကန်ရာဇီဘေးမဲ့တောတို့ဖြင့် ဖွဲ့စည်းထားပြီး မြောက်ပိုင်းဒေသ တောင်ပေါ် တောဇုန်ဟုခေါ်ဆိုရာမှ မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသရှိ ဒေသနေပြည်သူများ ခေါ်ဆို သောအမည်ကို အစွဲပြု၍ ခါကာဘိုရာဇီဒေသဟု ပြောင်းလဲခေါ်ဆိုခဲ့ပြီး UNESCO Website တရားဝင်ပြောင်းလဲထားရှိခဲ့ပါသည်။ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ခါကာဘိုရာဇီဒေသ အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေအဖြစ် အချိန်မီအဆိုပြုတင်သွင်းနိုင်ရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အမျိုးသားအဆင့် ဦးဆောင်ကော်မတီနှင့် ကချင်ပြည်နယ်ဝန်ကြီး ဦးဆောင်သော ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်း ပြီးဖြစ်ပါသည်။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၏ တောင်ပိုင်းတိုးချဲ့နယ်မြေကိုလည်းလွန်ခဲ့သော ဇူလိုင်လက သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ရန်ပြည်ထောင်စုဝန်ကြီးရုံးမှ ထုတ်ပြန် ကြေညာပြီးဖြစ်ပါသည်။ 
ယခုပြုလုပ်သော အစည်းအဝေးတွင်လုပ်ငန်းစီမံချက်နှင့်သဘာဝအခြေခံခရီးသွားလုပ်ငန်း စီမံချက်များအား ပြန်လည်ဆန်းစစ်ခြင်းနှင့် ယခုလကုန်တွင် တင်သွင်းသည့် ပြန်လည်ပြင်ဆင် ထားသော ခါကာဘိုရာဇီဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေအဖြစ် အဆိုပြုတင်သွင်းရေး (မူကြမ်း)ပြန်လည်ဆန်းစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမ့ကိန်း) ဦးကျော်ကျော်လွင်က တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်များ၊UNESCO နှင့် WCS မှ ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။