မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ

မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို(၃၀-၉-၂၀၁၇)ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ သစ်တောဦးစီးဌာနအနေဖြင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် တည်ထောင်မည့် စိုက်ခင်းလုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများအား သုံးသပ်ဆွေးနွေးညှိနှိုင်းနိုင်ရန်၊ စီမံကိန်း လုပ်ငန်းများအား အကောင်းဆုံး အခြေအနေတစ်ခုဖြင့်  အောင်မြင်စွာ အကောင်အထည် ဖော် နိုင်ရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
အစည်းအဝေးတွင် သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ်များအလိုက် ခရိုင်၊ မြို့နယ် တာဝန်ခံများက ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ စီမံအုပ်ချုပ်မှု၊ ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများတွင် ဆောင်ရွက်ထားရှိမှု၊ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်မည့်အစီအမံ၊ တွေကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက် များ၊ လုပ်ငန်းအောင်မြင်နိုင်ရေးအတွက် ဦးစီးရုံးချုပ်မှ ပံ့ပိုးပေးရမည့်အခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများမှ အကဲဖြတ်သုံးသပ်ခြင်း၊ လိုအပ်သည်များမှာကြားခြင်း၊ အကြံပြုခြင်းနှင့် ပံ့ပိုးစီစဉ်ပေးခြင်းများ ဆောင်ရွက်ကြပါ သည်။
အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်း တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးရုံးချုပ်မှ အရာရှိကြီးများ၊ တိုင်း ဒေသကြီးပြည်နယ်များမှ ခရိုင်၊ မြို့နယ်တာဝန်ခံများ၊ တက်ရောက်ခဲ့ကြ၍ အစည်းအဝေးကို            (၃-၁၀-၂၀၁၇)ရက်နေ့အထိ (၄)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။