သစ်မျိုးသန့်ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခြင်းသတင်း နေပြည်တော်၊ နိုဝင်ဘာ ၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကျင်းပြု လုပ်သည့် သစ်မျိုးသန့်ပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို (၆-၁၁-၂၀၁၇)ရက်နေ့ ၊ နံနက်(၈:၃၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန၊ ရေဆင်း (စုဝေးခန်းမ)တွင် ကျင်းပပြုလုပ်ပါသည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုအခြေအနေသည် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO)၏၂၀၁၅ ခုနှစ်၊ သစ်တောသယံဇာတ အကဲဖြတ်ဆန်းစစ်မှုအစီရင်ခံစာ(FRA 2015) အရ မြန်မာနိုင်ငံ ဧရိယာ၏ ၄၂.၉၂% သာကျန်ရှိပါသဖြင့် အစိုးရသစ်ကာလလက် ထက်မှစ၍ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း(၂၀၁၇- ၁၈ မှ ၂၀၂၆-၂၇ အထိ) ကို (၁၀)နှစ်တာစီမံကိန်းတစ်ရပ စီမံကိန်းကို ရေးဆွဲ အကောင် အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။
သစ်တောများပြုန်းတီးခြင်း၊ သစ်တောအရည်အသွေးများ ကျဆင်းခြင်းများအတွက် သစ် တောများပြန်လည်ဖွံ့ဖြိုးလာရန် ဆောင်ရွက်ရမည့် နည်းလမ်း(၂)သွယ်အနက် သစ်တောများ ပြုန်း တီးလာသည့်နေရာများတွင် သစ်တောစိုက်ခင်းများတည်ထောင်ရန် ရည်မှန်းချက်များချမှတ်၍ စီမံကိန်းကာလအတွင်း သစ်တောစိုက်ခင်းဧက သုံးသိန်းငါးသောင်းကျော် စိုက်ပျိုးမည်ဖြစ်ပြီး ၎င်း လျာထားချက်အတွင်း ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ သစ်တောစိုက်ခင်းများ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဒေသပြည်သူအစုအဖွဲ့ပိုင်စိုက်ခင်းများ တည်ထောင်ခြင်းကိုလည်း ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ပျက်စီးပြုန်းတီးနေသော သစ်တောများတွင် သစ်တောစိုက်ခင်းများဖြစ်ထွန်း လာရန်အတွက် သစ်မျိုးသန့်ပြန့်ပွားရေး လုပ်ငန်းစဉ်သည် အလွန်အရေးကြီးသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါသည်။
သစ်တောများရှိခြင်းအားဖြင့် ရေမြေတောတောင်ရာသီဥတု အခြေအနေတည်ငြိမ်၍ လူသား များနေထိုင်နိုင်သော ကမ္ဘာကြီးအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပြီး ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှု လျော့ချနိုင်ရေး နိုင်ငံတကာ ကတိကဝတ်ပြု သဘောတူညီချက် (Nationally Determined Contribution – NDC) တစ်ရပ်ကို မြန်မာနိုင်ငံမှလည်း သဘောတူလက်မှတ်ရေးထိုးပြီး ဖြစ်ပါ သည်။ လက်မှတ်ရေးထိုးထားသော အချက်တွင် လာမည့် ၂၀၃၀ ခုနှစ်၌ နိုင်ငံဧရိယာ၏ ၃၀%ကို သစ်တောကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများအဖြစ်လည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ၊ သားငှက် တိရစ္ဆာန်များထိန်းသိမ်းရန် ဘေးမဲ့တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ၊ အမျိုးသား ဥယျာဉ်များကို နိုင်ငံဧရိ.ယ၏(၁၀%)ဖွဲ့စည်းသွားရန်တို့ ဖြစ်ပါသည်။
သစ်များ စီးပွားဖြစ်ထုတ်လုပ်နိုင်သော စီးပွားရေးစိုက်ခင်းများ တည်ထောင်ရာတွင် စိုက်ခင်း မြေနေရာရွေးချယ်ခြင်းမှန်ကန်စေရန်၊ မြေအမျိုးအစားနှင့်သစ်မျိုး ကိုက်ညီမှုရှိစေရန်နှင့် အချိန် ကိုက် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်လိုအပ်ပါသည်။ သစ်ထွက် ကောင်းနိုင်မည့် မျိုးကောင်းမျိုးသန့်သစ်စေ့များ အချိန်မီစုဆောင်းနိုင်ရန် သစ်စေ့ထုတ် ဧရိယာများ၊ သစ်မျိုးသန့်ဥယျာဉ်များ တည်ထောင်ရန်တို့အတွက် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်း ဖြစ်ပါ သည်။
သင်တန်းတွင် ဘာသာရပ်အလိုက် စာတွေ့လက်တွေ့ ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ပြီး သင်တန်းကာလပြီးဆုံးပါက သင်တန်းသားများ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဒေသများသို့ ပြန်လည် ရောက်ရှိသည့်အခါ သင်တန်းမှ ပို့ချ လိုက်သောဘာသာရပ်များကို လက်တွေ့အဖြစ် ပြန်လည် အကောင်အထည်ဖော်နိုင်ကြရန်နှင့် ပညာရပ်များကို ဆက်လက်ပြန့်ပွားကြစေရန် ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် က သင်တန်းဆင်းအမှာစကားပြောကြားပြီး သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ သင်တန်းဆရာ၊ဆရာမများ၊ သုတေသီများနှင့်သင်တန်းသားများ တက်ရောက် ခဲ့ကြပါသည်။
သင်တန်းသို့ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ သင်တန်းသား(၁၅) ဦး၊ မြန်မာ့သစ်လုပ်ငန်းမှ သင်တန်းသား(၅)ဦး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန မှ သင်တန်းသား(၅)ဦးနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းမှ သင်တန်းသား(၅)ဦး စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းအား ၆-၁၁-၂၀၁၇ ရက်နေ့မှ ၁၀-၁၁-၂၀၁၇ ရက်နေ့ အထိ(၅)ရက် ကြာဖွင့်လှစ်ခဲ့ ပါသည်။