ဂျာမနီနိုင်ငံ၊ ဂိုတန်တက္ကသိုလ်မှ ကျောင်းသူကျောင်းသား များမှ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အစည်းအဝေးခန်းမသို့လာရောက်တွေ့ဆုံ

၂၅-၁၀-၂၀၁၇ ရက်နေ့၊ နံနက်(၁၀းဝ၀)နာရီအချိန်တွင် ဂျာမနီနိုင်ငံ၊ ဂိုတန်တက္ကသိုလ်မှ ကျောင်းသူကျောင်းသား များမှ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အစည်းအဝေးခန်းမသို့လာရောက်တွေ့ဆုံကြပါသည်။ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားကာ သစ်တောဦးစီးဌာန၊ တာဝန်ရှိသူများမှ သစ်တောသုတေသနဌာန၌ ဆောင်ရွက်လျက်ရှိသည့် သုတေသန လုပ်ငန်းများအကြောင်း၊ ပဲခူးရိုးမမြေအသုံးချမှု အကြောင်း၊ သစ်တောစီမံအုပ်ချုပ်မှုစီမံချက်ရေးဆွဲခြင်းအကြောင်းအရာများကို ရှင်းတင်းတင်ပြကြပြီး ဂိုတန် တက္ကသိုလ်မှ ကျောင်းသားများမှ လုပ်ငန်းများဆောင်ရွက်မည့်အစီအစဉ်နှင့် ပါမောက္ခ Prof Mitloehner မှ နှုတ်ဆက် စကားပြောကြားခဲ့ပါသည်။