သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ သစ်အခြေခံ မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ ကြိမ်၊ ဝါး လက်မှုပစ္စည်းများကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

(၇-၁၁-၂၀၁၇)ရက်နေ့ (၁၄:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ သစ်အခြေခံ မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ ကြိမ်၊ ဝါး လက်မှုပစ္စည်းများကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာ့လက်မှုအနုပညာအသင်း၊ သစ်အခြေခံလက်မှုအနုပညာအသင်း၊ မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များအသင်း၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် သဘာဝတောနှင့် စိုက်ခင်းလုပ်ငန်းဌာန ညွှန်ကြားရေးမှူးတို့မှ ရှင်းလင်းတင်ပြခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရှိရသည်။