သစ်တောဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြု ဝါးအခြေခံ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဆင်းပွဲအခမ်းအနား

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြု ဝါးအခြေခံ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဆင်းပွဲအခမ်းအနားကို ၁-၁၂-၂၀၁၇ ရက်နေ့၊ နေ့လည် (၃: ဝဝ) နာရီ အချိန် တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)တွင် ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာညီညီကျော်မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။  အဆိုပါ သင်တန်း အား နိုဝင်ဘာလ (၂၀) ရက်ကနေ ဒီဇင်ဘာလ (၁) ရက်နေ့ထိ (၁၂) ရက်တာ ကျင်းပခဲ့ပါသည်။
    မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂနှင့်ပူးပေါင်း၍ သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီချက် (EU FLEGT VPA) လုပ် ငန်းစဉ်အား ကြိုတင်ပြင်ဆင်သည့်အဆင့်မှ ပါဝင်ဆောင်ရွက်လျက်ရှိရာ အမျိုးသားအဆင့် သုံးပွင့် ဆိုင်ညွန့်ပေါင်းအဖွဲ့(MSG) အစိုးရကဏ္ဍ ကိုယ်စားလှယ်များအား FLEGT VPA ရှင်းလင်း ဆွေးနွေးပွဲကို (၂၉-၁၁-၂၀၁၇)ရက်နေ့၊ နံနက်(ဝ၉:ဝဝ)နာရီအချိန်တွင် တော်ဝင်နေပြည်တော် ဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။