မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၊ သစ်မျိုးသန့် ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၆)ဖွင့်ပွဲ အခမ်းအနား

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၊ သစ်မျိုးသန့် ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၆)ဖွင့်ပွဲ အခမ်းအနားကို (၄-၁၂-၂၀၁၇)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန် တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်တက်ရောက် အမှာစကားပြောကြားပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တော ဦးစီးဌာနမှ အရာရှိကြီးများ၊ သင်တန်းဆရာများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီး ဌာနမှ သင်တန်းသား တောအုပ်(၁၅)ဦး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သင်တန်း သားတောအုပ်(၅)ဦး၊ မြန်မာ့သစ်လုပ်ငန်းမှသင်တန်းသား သစ်အုပ်(၅)ဦး၊ ပုဂ္ဂလိကသစ်တော စိုက်ခင်းလုပ်ငန်းမှ ကိုယ်စားလှယ်(၅)ဦး စုစုပေါင်း(၃၀)ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။