သစ်တောသုတေသနဌာနနှင့် National Museum of Nature and Science (NMNS) Japan တို့မှ ဦးဆောင်၍Flora of Myanmar စာအုပ်ထုတ်ဝေနိုင်ရေးအတွက် ပထမအကြိမ် အစည်း အဝေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနနှင့် National Museum of Nature and Science (NMNS) Japan တို့မှ ဦးဆောင်၍Flora of Myanmar  စာအုပ်ထုတ်ဝေနိုင်ရေးအတွက် ပထမအကြိမ် အစည်း အဝေးကို (၄-၁၂-၂၀၁၇)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်တက်ရောက် အမှာစကားပြောကြားပါသည်။အဆိုပါအစည်းအဝေးသို့  သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောအရာရှိကြီးများ၊ သစ်တောသုတေသနဌာနမှပညာရှင်များ၊ သစ်တောဦးစီးဌာန နှင့် MoU လက်မှတ်ရေးထိုး၍ ရုက္ခဗေဒဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော (NMNS ၊ MBK ၊ XTBG ၊ NYBG ၊ KIB)မှ ပညာရှင်များ၊ ရန်ကုန်၊ ထားဝယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ မန္တလေး တက္ကသိုလ်တို့မှ ရုက္ခဗေဒ ဆိုင်ရာ ပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောနှင့်သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်များမှ ရုက္ခဗေဒပညာရှင်များ၊ NGO အဖွဲ့များဖြစ်သည့် BANCA ၊ WCS ၊ FREDA မှပညာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။