(၁၃)ကြိမ်မြောက် CFNWG အစည်းအဝေး ကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၈-၁-၂၀၁၈)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်တွင် (၁၃)ကြိမ်မြောက် CFNWG အစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် CFNWG ဥက္ကဌ  ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ECCDI၊ RECOFTC ၊ MERN၊  FAO မှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ
 တက်ရောက်ခဲ့ကြပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်….