ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်း

(၃၀-၇-၂၀၁၈)ရက်နေ့၊ နံနက်(၉း၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက် ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ရာ ဦးဇော်မင်းသန့်(ဦးစီးအရာရှိ) ဝန်းကျင်/သားငှက် ဌာနမှ ထိုင်းနိုင်ငံ( ထိုင်းနိုင်ငံရှိ သဘာဝနယ်မြေများသို့ မြန်မာနိုင်ငံ သဘာဝနယ်မြေထိန်းသိမ်းရေး ဝန်ထမ်းများလေ့လာရေး ခရီးသွားရောက်ရန်ကိစ္စ) တက်ရောက်ခဲ့သည့်အတွေ့အကြုံများနှင့် ဦးအေးချမ်းမောင် (ဦးစီးအရာရှိ)သစ်တောသုတေသနဌာနက စင်္ကာပူနိုင်ငံ(မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှု အကြောင်း ရာများအား စမ်းသပ်လေ့လာခြင်း သုတေသနစီမံကိန်းအလုပ်ရုံဆွေးနွေးပွဲ)တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာသည့် သစ်တောအရာရှိကြီးများ၊ အရာထမ်း/ အမှုထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြ ပါသည်။