နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ တတိယအကြိမ်အစည်းအဝေးကို (၂-၈-၂၀၁၈) ရက်နေ့၊ နံနက်(ဝ၉:၃၀) နာရီ၌ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပ

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ တတိယအကြိမ်အစည်းအဝေးကို  (၂-၈-၂၀၁၈) ရက်နေ့၊ နံနက်(ဝ၉:၃၀) နာရီ၌ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူတို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ သစ်တော/သတ္ထုဝန်ကြီးများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။