မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ် (၁၃)၌ ကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို (၇-၈-၂၀၁)ရက်နေ့ နံနက် (၇:၃၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်းအကွက်အမှတ်(၁၃)၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း တက်ရောက်၍ တမလန်းပင်စိုက်ပျိုးပေးပါသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ နေပြည်တော်ကောင်စီဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်(သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်)၊ အရာ ထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြပါသည်။

            ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာ၌ တမလန်းပင်ကို စိုက်ပျိုးပေးပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်က ပိတောက်ပင်ကိုလည်းကောင်း၊ သစ်တောအတွင်းဝန်က အင်ကြင်းပင်ကိုလည်းကောင်း၊ သတ္ထုအတွင်းဝန်က ပျဉ်းကတိုးပင်ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တော/ သတ္ထု ညွှန်ကြားရေးမှူးများက ကျွန်းပင်များကိုလည်းကောင်း၊ အရာထမ်း/ အမှုထမ်း များက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ အင်ကြင်းပင်များကို သတ်မှတ်နေရာအသီးသီး တွင်စိုက်ပျိုးကြပါသည်။

            ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အကြီးအကဲများသည် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ပျိုးပင်များ စိုက်ပျိုးနေမှု ကို ကြည့်ရှု၍ အားပေးစကားပြောကြားပါသည်။

            ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ အင်အား(၁၀၀၀)ကျော် တက်ရောက်ခဲ့ကြ ပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ အင်ကြင်း ပျိုးပင်စုစုပေါင်း(၂၀၄၁)ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြပါသည်။ စိုက်ပျိုးပြီး သစ်ပင်များအား လယ်ဝေးမြို့နယ်နှင့်နေပြည်တော်သစ်တော ဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါသည်။