သစ်တောကဏ္ဍအဂတိလိုက်စားမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 သစ်တောကဏ္ဍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲကို သစ်တော ဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမတွင် (၁၃-၈-၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ၌ ကျင်းပ ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားပါသည်။

          အမှာစကားပြောကြားရာတွင် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးယူ ထုတ်လုပ်ခြင်းသည် နိုင်ငံတော်၏ အဖိုးတန်သစ်တောသယံဇာတများကို အချိန်တို အတွင်း ကုန်ဆုံးပျောက်ကွယ် စေသည့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်စေခြင်း၊ နိုင်ငံတော် ဘဏ္ဍာငွေ ထိခိုက်စေခြင်း များဖြစ်ပေါ်သည့်အတွက် သစ်တောဦးစီးဌာနအနေဖြင့် ဌာန အစီအစဉ်ဖြင့်လည်းကောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် ဆက်စပ်ဌာန များနှင့် တာဝန်သိပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်းကောင်း ကာကွယ်တား ဆီး နှိမ်နင်းလျက်ရှိပါ ကြောင်း၊

                    FA0 က ၅ နှစ် တစ်ကြိမ်ထုတ်ပြန်သည့် Forest Resource Assessment-2015 အရ မြန်မာနိင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာရဲ့ ၄၂.၉၂% ရှိပြီး ဧကအားဖြင့် ၇၂ သန်းခန့်ရှိပါကြောင်း၊ သစ်တောဦ:စီးဌာနမှ စီမံအုပ်ချုပ်ရသော ကြိုးဝိုင်း၊ ကြိုးပြင်ကာ ကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေမှာ ၄၇ သန်းဧကရှိပြီး သစ်တော ဦ:စီးဌာနတွင် သစ်တောလုပ်ငန်းဆောင်ရွက်သည့် ဝန်ထမ်းသည် ၅၃၃၆ ဦးရှိသည့်အတွက် ဝန်ထမ်းတစ်ဦးသည် ပျမ်းမျှ သစ်တောနယ်မြေ ဧက ၈၈၀၀ ကျော်ကို တာဝန်ယူ ထိန်းသိမ်းရပါကြောင်း၊ ထို့ကြောင့် လက်ရှိအခြေအနေအရ သစ်တောဧရိယာနှင့် ထိန်းသိမ်း နေရသည့် ဝန်ထမ်းအချိုး မျှတရန်လိုအပ်ချက်ရှိနေပါကြောင်း၊ လုံခြုံရေးအကန့်အသတ် များကြောင့် အချို့သစ်တောဧရိယာများကို မစိုးမိုးနိုင်ခြင်း၊ တရားမဝင် ဆောင်ရွက်သူများ က ၄င်းတို့အကျိုး ထိခိုက်လာမှုကြောင့် တာဝန်ရှိဝန်ထမ်းများကို ပြန်လည်ရန်ပြုတိုက် ခိုက်ခြင်း၊ လုပ်ငန်းသဘာဝအနေအထားအရ လူသူဝေးရာနေရာများကို စီမံအုပ်ချုပ်ရသူ များ ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ ကိုယ်ကျင့်တရားနှင့် စာရိတ္တမဏ္ဍိုင် ယိုင်လဲ မသွား အောင် ထိန်းချုပ်ရန်ခက်ခဲခြင်း စသည့် အကန့်အသတ် အတားအဆီးများ ရှိနေပါကြောင်း၊

          တရားမဝင်သစ် ခုတ်လှဲ၊ ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်ရာတွင် တောတွင်း ငုတ်ရင်းဒေသမှ စပြီး ပြည်ပတင်ပို့ခိုးထုတ်သည့်အထိ ကွင်းဆက်များ ဖော်ထုတ်ရယူခြင်း ကို Community Monitoring and Reporting System ဟုခေါ်သည့် ဒေသခံပြည်သူ များက စောင့်ကြည့်သတင်းပို့ခြင်းစနစ်အား စတင်ကျင့်သုံးဆောင်ရွက်ခဲ့ပါကြောင်း၊ သတင်းပေးပို့သည့် ပြည်သူများကို တယ်လီဖုန်းနှင့် SimCard များ ဖြန့်ဝေပေးပြီး၊ သစ်တောဝန်ထမ်းများထံသို့ အချိန်နှင့် တစ်ပြေးညီ လျှို့ဝှက်စွာ သတင်းပေးနိုင်ရန် စီစဉ် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တောထဲတွင် ခုတ်လှဲ၊ ခိုးထုတ်နေရာများ လည်း အချိန်မီ ဖမ်းဆီးနိုင်ခဲ့ခြင်းများရှိသလို စုပုံ၊ စုဆောင်းသည့်နေရာများ၊ နောက်ဆုံး ရန်ကုန်မြို့  ဆိပ်ကမ်းများမှာပါ ကွန်တိန်နာနှင့် ထည့်သွင်းပြီး  တရားမဝင်သစ်များကိုပါ ဖမ်းဆီးရမိခဲ့ပါကြောင်း၊ သစ်တောဦ:စီ:ဌာနအနေဖြင့် လိုအပ်ချက်ရှိသော ဝန်ထမ်းဦးရေ တိုးမြှင့်ခန့်ထားနိုင်ရေး၊ ဝန်ထမ်းများစွမ်းဆောင်ရည် ခိုင်မာစေရေးအတွက် ဝန်ထမ်းစွမ်း ဆောင်မှု မြှင့်တင်ရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဝန်ထမ်းတစ်ဦးချင်း၏ ကြိုး ပမ်းမှုကို အသိမှတ်ပြုသည့်အနေဖြင့် စွမ်းဆောင်ရည်အလိုက် ဆုချီးမြှင့်မှုများကို အခမ်းအ နားများဖြင့် ဆောင်ရွက်ပေးခြင်း၊ တရားမဝင်သစ် ဖမ်းဆီ:နိုင်မှုအပေါ် ပြည်ထောင်စုအစိုး ရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖမ်းဆီးသစ်ပမာဏအလိုက် ထိုက်သင့်သော ဆုငွေများချီးမြှင့် ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ များကိုလည်း ထိုက်သင့်သောအရေးယူ အပြစ်ပေးမှုများကို ဆောင်ရွက်နေပါကြောင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို ခေတ်ကာလနှင့် လိုက်လျောညီထွေဖြစ် အောင် ပြင်ဆင်ဖြည့်စွက် ထုတ်ပြန်မှုများ ပြုလုပ်နေပြီး တရားမဝင်သစ် ဖမ်းဆီး ရေးနှင့် ပတ်သက်၍လည်း ပြည်သူအခြေပြု စောင့်ကြည့် သတင်းပို့ခြင်းနည်းစနစ် ကျင့်သုံးခြင်း ဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုအားကို တိုးတက်ရရှိအောင် ကြိုးပမ်းလျက်ရှိပါ ကြောင်း၊ သို့ပါသော်လည်း တရားမဝင်သစ် ဆောင်ရွက်မှုများကို အထိုက်အလျောက်သာ ထိန်းချုပ်နိုင်သေးသည့်အတွက် လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်ကို သုံးသပ်ရပါ ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဂတိလိုက်စားမှုသည် အတားအဆီ:တစ်ရပ် သဖွယ် ပါဝင်နေသည့်အတွက် သစ်တောကဏ္ဍဘက်မှလည်း အဂတိလိုက်စားမှုများ လျော့ နည်းရာမှ ပပျောက်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါသဖြင့် ယခုအလုပ်ရုံ ဆွေးနွေးပွဲကို စီစဉ်ကျင်းပရခြင်း ဖြစ်ပါကြောင်း၊

                    အလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောကဏ္ဍ နှင့် ပတ်သက်ဆက်နွယ်သူများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့်ပတ်သက်ပြီး ပိုမိုသိရှိနားလည်စေရန်အတွက်  မြန်မာနိုင်ငံ အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ရှင်းလင်းဆွေးနွေးခြင်း၊ သစ်တောကဏ္ဍနှင့် သက်ဆိုင် သော တရားစီရင်ရေးဆိုင်ရာ သိသင့်သိထိုက်သည်များကို ပြည်ထောင်စုတရား လွှတ်တော် ချုပ်ရုံးမှ ရှင်းလင်း​ဆွေးနွေးခြင်း၊ သစ်တောကဏ္ဍနှင့် သက်ဆိုင်သော တရားစွဲဆိုမှုများ ဆိုင်ရာ သိသင့်သိထိုက်သည်များကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရှင်းလင်းခြင်း များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး သစ်တောဦးစီးဌာနအနေဖြင့်လည်း တရားမဝင် သစ်ဖမ်းဆီး ခြင်း၊ အရေးယူခြင်း၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုများအပေါ် အရေးယူ ဆောင်ရွက်မှု အခြေအနေများနှင့် သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေ၊ ညွှန်ကြားချက် များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြမှာဖြစ်ပါကြောင်း ပြောကြားပါသည်။

          အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန လက်အောက်ရှိ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ သစ်တောဦ:စီ:ဌာနမှ အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဌာန၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ သစ်တောကဏ္ဍနှင့် ဆက်စပ်လူမှုအဖွဲ့ အစည်းများမှ လုပ်ငန်းရှင်များ၊ မီဒီယာမျာ: နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။