တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) " World Elephant Day" ကျင်းပ

(၁)       ဆင်ရုံရှေ့ကပွဲကွင်း တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစီအစဉ်တွင် Petunity ၊ BANCA ၊ ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ဂုဏ်ထူးတန်း ကျောင်းသား / ကျောင်းသူများ ပါဝင်  ကူညီဆောင်ရွက်ခဲ့ပါသည် ။

         (၂)      ကမ္ဘာ့ဆင်များနေ့ နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြော ကြားခြင်း ၊ ပညာပေးဌာနမှ လာရောက်လည်ပတ်သူများ၊ ဆင် ချစ်သူများကို ဆင် နှင့်ပတ်သက်သည့် ပိုစတာများဖြင့် ပညာပေးခြင်း ၊ ကမ္ဘာ့ဆင်များနေ့ဆိုင်ရာ လက် ကမ်းစာစောင်များ ဖြန့်ဝေခြင်း ၊ ဆင် နှင့် ပတ်သက်သည့် ဗဟုသုတရဖွယ် မေးခွန်းများ ဖြေဆိုစေခြင်း ၊

        (၃)         ကလေးများအားဆင်ရုပ်ပုံရေးဆွဲ၍ ဆေးရောင်ခြယ်စေခြင်း ၊ဆင်နှင့်ပတ်သက်သည့်

                        ကစားနည်းများ ကစားစေခြင်းတို့   ပြုလုပ်၍  ဆင်ရုပ် ခေါင်းပတ် များ နှင့်  အမှတ်

                        တရ လက်ဆောင်များပြန်လည်ပေးအပ်ခြင်း ၊

         (၄)        Yangon Zoological Garden  ၏ Facebook Page  တွင် ဆင်နှင့် ပတ်သက် သည့် မေးခွန်းများအားဖြေဆိုနိုင်သူများကိုအမှတ်တရ T- Shirt၊  ရေနွေးဗူး ၊ ကမ္ဘာ့ဆင်များနေ့ဆိုင်ရာ လက်ကမ်းစာစောင် နှင့် ဇီဝ မျိုးစုံ မျိုးကွဲ နှင့် သဘာဝ ထိန်းသိမ်းရေးစာအုပ် လက်ဆောင်ပေးခြင်း ၊

         (၅)          Petunity  နှင့် ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ဂုဏ်ထူးတန်း ကျောင်းသား / ကျောင်းသူများ မှ ဆင်ခြေရာ နှင့် ဆင်ရုပ်ပုံအား မျက်နှာ တွင် ဆေးရောင်ခြယ် ပေးခြင်း ၊  Photo Booth၊  ၊  Emoji  နှင့် ဓါတ်ပုံ ရိုက်ပေးခြင်း၊