“မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးလုပ်ငန်းစီမံကိန်းနှင့် REDD+ လုပ်ငန်းများကိုအထောက်အကူဖြစ်စေရန်အတွက်ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းနှင့်သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနည်းစနစ်များသရုပ်ပြခြင်းလုပ်ငန်းစီမံကိန်း”ကိုနားလည်မှုစာချွှန်လွှာရေး

သစ်တောဦးစီးဌာနနှင့် ကိုရီးယား-မဲခေါင် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဌာန (KMFCC)တို့အကြား စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း အဖြစ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ၁၇.၈.၂၀၁၈ ရက်နေ့ ၁၁:၀၀နာရီတွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့်“မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး လုပ်ငန်း စီမံကိန်း နှင့် REDD+ လုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ်များ သရုပ်ပြခြင်း လုပ်ငန်းစီမံကိန်း” ကို နားလည်မှု စာချွှန်လွှာရေးထိုး  နိုင်ခဲ့ပါသည်။

 KMFCC သည် ကိုးရီးယာသမ္မတနိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများအကြား သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်နိုင်ရန်နှင့် အဖွဲ့ဝင်များ နိုင်ငံ များ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းအစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၆ခုနှစ် ဇူလိုင်လတွင် စတင် တည် ထောင်ထားရှိပြီး ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ ရုံးစိုက်ထားရှိသည့် သစ်တောပူးပေါင်း ဆောင်ရွက်ရေးဌာနဖြစ်ပါသည်။

KMFCC သည် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်း တည်ထောင်ရန်နှင့် မဲခေါင် မြစ်ဝှမ်းနိုင်ငံများ(ကမ္ဘေားဒီးယာ၊ လာအို၊ မြန်မာ၊ဗီယက်နမ်-CLMV)အကြား သစ်တော လုပ်ငန်းအစီအစဉ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ရည်မှန်းချက် ထားရှိပါသည်။ KMFCC သည် မြန်မာနိုင်ငံသစ်တော များ ပြန်လည်တည်ထောင်ရေးလုပ်ငန်းစီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုကို အထောက် အပံ့ပေးခြင်း ဖြစ်ပါသည်။