မြန်မာနိုင်ငံသစ်တောကျောင်း အခြေခံသစ်တောပညာ(၂)နှစ်သင်တန်း၊ သင်တန်းသားများ ရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲကျင်းပခြင်း

မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့တွင် ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသော အခြေခံ သစ်တောပညာ(၂)နှစ်သင်တန်း၊ အမှတ်စဉ်(၁၁၄)မှ သင်တန်းသား(၅၆)ဦးအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ပြင်ဦးလွင်မြို့နယ်မှ ရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲကို (၂၀.၈.၂၀၁၈)ရက်နေ့ (၁၅:၃၀)နာရီတွင် ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

            သင်တန်းဆင်းပွဲကို အခမ်းအနားကျင်းပဖွင့်လှစ်ကြောင်း ကြေညာခြင်း၊ မြန်မာနိုင်ငံ သစ်တောကျောင်း၊ ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ သင်တန်းဆင်းလက် မှတ်များကို ဒေါ်အေးအေးဖြိုး၊ တပ်ခွဲမှူး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြင်ဦးလွင်မြို့နယ်မှ ချီးမြှင့်ခြင်း၊ ထူးချွန်ဆုရသင်တန်းသားများကို မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ကြီးမှ ဆုချီးမြှင့်ခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြင်ဦးလွင်မြို့နယ်မှ သင်တန်းဆရာ/ ဆရာမများ အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း၊ အခမ်းအနားပြီးမြောက်ကြောင်းကြေညာခြင်းစသည့် အခမ်း အနားအစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

            ရှေးဦးပြုစုခြင်းသင်တန်းတွင် စာပေထူးချွန်ပထမဆုကို ကသ - ၄၀ ဦးကျော်ဇေယျ၊ ဆင်ပေါင်ဝဲမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဒုတိယဆုကို ကသ - ၄၆ ဦးအောင်ကိုမြင့်၊ ပွင့်ဖြူမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တတိယဆုကို ကသ-၅ ဦးဌေးဇော်ဝင်း၊ ရေနံချောင်းမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ စတုတ္ထဆုကို ကသ - ၅၀ ဦးအောင်ကိုကိုထက်၊ ဘိုကလေးမြို့နယ်၊ သစ်တောဦးစီးဌာနတို့မှ အသီးသီးရရှိကြပါ သည်။

ရှေးဦးပြုစုခြင်းသင်တန်းကို  (၆.၈.၂၀၁၈)ရက်နေ့မှ (၁၇.၈.၂၀၁၈)ရက်နေ့အထိ ရက်သတ္တ (၂)ပတ်ကြာသင်ကြားပို့ချခဲ့ပါသည်။