မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ ဒုတိယသံအမတ် နှင့် ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံမှ ဆင်(၃)ကောင် လှူဒါန်းမည့်ကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမတွင် (၂၃- ၈ -၂၀၁၈)ရက်နေ့ ၊ နံနက်(၁၀:၃၀)နာရီအချိန်၌ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့်  တာဝန်ရှိသူများအား  မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ ဒုတိယသံအမတ် နှင့် ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံမှ ဆင်(၃)ကောင် လှူဒါန်းမည့်ကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။