ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်

၂၇-၈-၂၀၁၈ ရက်နေ့၊ နံနက်၉း၃၀နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ရာ ဒေါ်ခင်ရည်မွန်လှိုင်(ဦးစီးအရာရှိ) သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာနမှ ဗီယက်နမ်နိုင်ငံ( Regional South-south Learning Event on Country Approaches to REDD-Safeguards and Safeguards Information System(ASIA)) တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် သစ်တောအရာရှိကြီးများ၊ အရာထမ်း/အမှုထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။