မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်သစ်တောကဏ္ဍ ဦးဆောင်နိုင်ရေးအစီအစဉ် သီးသန့်သင်တန်း (Customized Training Course on Young Forester Leadership Program) ဖွင့်လှစ်ပို့ချ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် AFoCO Secretariat အစီအစဉ်အရရန်ကုန်တိုင်းဒေသကြီးမှော်ဘီမြို့နယ်ရှိ အာရှဒေသသစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းတွင် (AFoCO RETC) ၂၀၁၈ ခုနှစ်မှ စတင်၍ သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ သင်တန်း အစီအစဉ်များအနက်  သီးသန့်သင်တန်းအဖြစ် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ် သစ်တော ကဏ္ဍ ဦးဆောင်နိုင်ရေးအစီအစဉ် သီးသန့်သင်တန်း (Customized Training Course on Young Forester Leadership Program) ကို ၂၀၁၈ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့မှ (၁၉)ရက် နေ့အထိဖွင့်လှစ်ပို့ချခဲ့ပါသည်။ မြန်မာနိုင်ငံရှိ အပူပိုင်းသစ်တော များကိုလေ့လာခြင်းဖြင့် သစ်တော သယံဇာတများ စီမံအုပ်ချုပ်ရာ၌ အထောက်အကူပြုနိုင်မည့် နည်းလမ်းကောင်းများရရှိနိုင်စေရန်၊ သစ်တော ဇီဝဆက်စပ်မှုကို ကွင်းဆင်းလေ့လာခြင်းဖြင့် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ တိုးပွား လာစေရန်အတွက် နည်းလမ်းကောင်းများ ရရှိစေရန်၊ သစ်တောသင်တန်းကျောင်း များကို လေ့လာခြင်းဖြင့် လက်ရှိသင်ကြားပို့ချနေသော သစ်တောပညာရပ်ဆိုင်ရာ လေ့ကျင့်ရေးနှင့် ပညာပေးရေးတို့အတွက် အထောက်အကူ ပြုစေမည့် နည်းလမ်း ကောင်းများရရှိစေရန် ရည်ရွယ် ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ ကိုရီးယားသမ္မတနိုင်ငံမှ ဘွဲ့ကြို သင်တန်းသား (၂၀)ဦး   တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ သင်တန်းဆရာများက သင်ကြား ပို့ချခဲ့ ပါသည်။

 

 

date: 
Wednesday, August 29, 2018 - 09:45